Press "Enter" to skip to content

မုန်တိုင်းအမ်ဖန်ကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်မြောက်ပိုင်းရှိ ဒုက္ခသည်စခနိးများ ပျတ်စီးခဲ့ရ

မေလ၂၀ရက်နေ့ညတွင် အားကောင်းတဲ့ စူပါဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်ဟာ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခနိးများ ပျတ်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာပြည်ဘက်ရှိ ဒုက္ခသည်စခန်းများဟာ ပြန်လည်တည်ဆောက်ရမဲ့ အနေထားထိရှိနေပြီး ကော့စ်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းများရှိ တဲများပြိုကျခြင်း၊ အမိုးလန်ခြင်းနဲ့ ရေကြီးခြင်းများ ဖြစ်ခဲ့တယ်လို့ RFAမှ ပြောကြားခဲ့ပါတယ်။

ကုတုပါလောင်စခန်းအမှတ် (၄)ရှိ ဒုက္ခသည်တဲအိမ်(၄၀၀)နီးပါး ပျတ်စီးခဲ့ပြီး အခက်အခဲတွေရှိနေပြီး စာရင်းအတိအကျကိုတော့ မသိရသေးဘူးဟု သိရပါတယ်။ ထိုပျတ်စီးဆုံးရှုံးခဲ့တဲ့ ဒုက္ခသည်တွေကို ဘယ်အဖွဲ့အစည်းမှ လာရောက်ကူညီတာမျိုးလည်း မရှိသေးတာကြောင့် အခက်ခဲတွေရှိပါတယ်လို့ ဒုက္ခသည်များက ပြောပြခဲ့ပါတယ်။

အဆိုပါ မုန်တိုင်းအမ်ဖန်က အိန္ဒိယကိုးလ်ကတ္တားမြို့အနီးမှ ဖြတ်ကျော်ခဲ့ပြီး ဒီမနက်မှာတော့ အားပျော့သွားခဲ့ကြောင်း မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်ကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တွင် သေဆုံးသူ(၁၄)ဦးထိ ရှိနေကြောင်းကနဦး သိရှိရပြီး စာရင်းအတိအကျကိုတော့ မသိရှိရသေးပါဘူးလို့ သတင်းရရှိပါတယ်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်ရှိ ဒေသခံများနဲ့ ဒုက္ခသည်ပေါင်းများစွာဟာ မုန်တိုင်းဒဏ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

စစ်တပ်မှ နှိမ်နင်းပြီးနောက် ၂၀၁၇ခုနစ်နှောင်းပိုင်းတွင် ရိုဟင်ဂျာ ၇၃၀,၀၀၀ကျော် မြန်မာနိုင်ငံမှ ရောက်ရှိလာတာပဲဖြစ်ပါတယ်။ယခုအခါမှာတော့ မုန်တိုင်းဒဏ်ကြောင့် တဲအိမ်များ ပျတ်စီးဆုံးရှုံးခဲ့ပြီး နေထိုင်ဖို့အခက်အခဲဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.