Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် COVID-19တွေ့ရှိခဲ့ဟုဆို

ပြီးခဲ့တဲ့ကြာသပတေးနေ့တွင် ရိုဟင်ဂျာတစ်သန်းကျော် နေထိုင်လျက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းစခန်းတစ်ခုတွင် COVID-19ကူးစက်လူနာတစ်ဦး တွေ့ရှိခဲ့ပြီး လူသားချင်းစာနာမှုအဖွဲ့များက ထိုကူးစက်ရောဂါဟာ လူဦးရေထူထပ်သောနေရာကို ပျတ်စီးစေနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တစ်ဦးနဲ့ အခြားလူတစ်ဦးအား COVID-19ပိုးရှိမရှိ စမ်းသပ်ခဲ့တာပဲဖြစ်ပြီး ၎င်းဟာကမ္ဘာ့လူဦးရေထူထပ်သောစခန်းများတွင် ပထမဆုံးအတည်ပြုခြင်းဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အဆင့်မြင့်အရာရှိတစ်ဦးနဲ့ UNမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးမှပြောကြားခဲ့ပါတယ်။

ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးကော်မရှင်နာ Mahbub Alam Talukder က “ဒီနေ့သူတို့ကို ရောဂါပိုးစစ်ဆေးပြီးနောက် သီးသန့်ထားရှိရေးစင်တာသို့ ပို့ဆောင်လိုက်ပါတယ်”လို့ ပြောကြားခဲ့ပြီး အခြားလူနာမှာ စခန်းပြင်ပရှိ ဒေသခံဖြစ်တယ်လို့လည်း UNပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

“COVID-19ကူးစက်မှုဟာ ဘင်္ဂလားဒေ့ရှ်တွင် မကြာသေးမီကာလအတွင်း အရှိန်အဟုန်မြင့်တက်လာခဲ့ပြီး ဖြစ်ပွားမှု၁၈,၈၆၃ခုနဲ့ သေဆုံးမှု ၂၈၃ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ဗိုင်းရပ်စ်က တိုင်းပြည်ကို လွှမိးမိုးထားပြီး ဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းမှာ လူဦးရေသန်းပေါင်း၁၆၀ရှိရာ ခန့်မှန်းခြေအားဖြင့် အသက်ရှုကူစက်မှာ အလုံးရေ၂၀၀၀ခန့်သာရှိပြီး လူဦးရေတစ်သန်းနီးပါးနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင်လည်း အထူးစောင့်ရှောက်ရေးကုတင်များ မရှိသေးပါ။ အခုဒီဗိုင်းရပ်စ်က ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းသို့ ဝင်ရောက်လာပြီဖြစ်ရာ လူထောင်ပေါင်းများစွာဟာ ထိုရောဂါကြောင့် သေဆုံးနိုင်ဖွယ်ရှိပါတယ်။ ဒီကူးစက်ပျံ့နှံ့မှုဟာ ဘင်္ဂလားဒေ့ရှ်ကို ဆယ်စုနှစ်များစွာ နောက်ကျကျန်စေခဲ့နိုင်တယ်လိူ့”ဘင်္ဂလားဒေ့ရှ် Save The Children ရဲ့ ကျန်းမာရေးဒါရိုက်တာ ဒေါက်တာ Shamim Jahanက ပြောကြားခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာဘာသာရေးလွတ်လပ်ခွင့် အမေရိကန်သံအမတ် Sam Brownback က”ကျွန်တော် အဲ့ဒီဒုက္ခသည်စခန်းကို ရောက်ဖူးပါတယ်။ အလွန်ကို လူဦးရေထူထပ်တဲ့အတွက် ကံမကောင်းစွာပဲ ဗိုင်းရပ်စ်လျှင်လျှင်မြန်မြန် ကူးစက်ခံရနိုင်ပါတယ်။ သူတို့အတွက် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုရမှဖြစ်မယ်လို့”ဝါရှင်တန်သတင်းထောက်များကို ဖုန်းဖြင့်ဖြေကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေး ကော်မတီဒါရိုက်တာ Manish Agrawal ကလည်း”ကျန်းမာရေးစောင့်ရှောက်ရေးအတွက် ဝန်ထမ်းများနဲ့နေရာမရှိခြင်း၊ စခန်းရှိလူများတွင် ရေနဲ့ဆပ်ပြာ လုံလုံလောက်လောက်မရှိခြင်း၊ တစ်စတုရန်းကီလိုမီတာမှာ လူ၄၀,၀၀၀ကနေ ၇၀,၀၀၀အထိ နေထိုင်ကြတာဖြစ်ပြီး၊ ကူးစက်မှုနှုန်းမှာ ဝူဟန်ရဲ့လေးဆဖြစ်နိုင်တဲ့အတွက် ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်နိုင်ကြောင်း”ပြောကြားခဲ့ပါတယ်။ ဒီဒေသဟာ နေထိုင်မှုအဆင့်တန်းနိမ့်ကျခြင်းနဲ့ ဖျားနာမှုအများဆုံးရှိတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီမှုတိုးမြှင့်ခြင်း၊ သန့်ရှင်းရေးစနစ်တိုးတက်အောင်လုပ်ခြင်း၊ သံသယလူနာများကို သီးသန့်ဖယ်ထုတ်ခြင်းနဲ့ စခန်းအား လူဦးရေလျော့ချခြင်းများမရှိလျှင် ဒုက္ခသည်များဟာ ရောဂါပိုးပိုမိုကူးစက်နိုင်ဖွယ်ရှိတယ်လို့”ပြောကြားခဲ့ပါတယ်။

စစ်တပ်မှ ရိုဟင်ဂျာနှိမ်နှင်းရေး စစ်ဆင်ရေးကြောင့် ၂၀၁၇ခုနစ်နှောင်းပိုင်းတွင် ရိုဟင်ဂျာ ၇၃၀,၀၀၀ကျော် မြန်မာနိုင်ငံမှ ရောက်ရှိလာတာပဲဖြစ်ပါတယ်။ ၎င်းအကြမိးဖက်မှုနဲ့ ပတ်သက်ပြီး ဟိဂ်ရှိ နိုင်ငံတကာတရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်များကို မြန်မာနိုင်ငံက ရင်ဆိုင်နေရပြီး၊ ပထမဦးစွာ စတင်တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာများအား တရားဝင်စစ်ပွဲဆင်နွှဲရတာဖြစ်တယ်လို့ စစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုထားခဲ့တာပဲ ဖြစ်ပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.