စစ်တပ်မှလက်နကိကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကော့ကရိတ်မြို့နယ် ပိုက်သည့်ကျေးရွာမှ အမျိုးသား(၃)ဦးနဲ့ အမျိုးသမီး(၂)ဦးအပါအဝင် ရိုဟင်ဂျာ(၅)ဦးတို့ဟာ ကျန်းမာရေးစောင့်ရှောက်မှုကို မရရှိခဲ့ဘူးလို့ RTမှ ပြောကြားခဲ့ပါတယ်။
၂၀၂၀ခုနစ် မေလ(၁၁)ရက်နေ့ ညနေ၆နာရီခန့်တွင် ကစ္စပနဒီတံတားရှိ စစ်ဘက်မှ ပစ်ခတိလာတဲ့ လက်နက်ကြီးကြောင့် ဦးလှမောင်သ(၅၅နှစ်)၊ ဂျမာလ်အူဒင်(၃၅နှစ်)၊ မိုဟာမက်အရက်စ်(၁၇နှစ်)နဲ့ အမျိုးသမီး နှစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၁၂ခုနစ်မှစပြီး လှုပိရှားမှုကန့်သတ်ချက်များကြောင့် ပိုက်သည့်ကျေးရွာမှ မွတ်စလင်မိများဟာ ကျေးရွာနဲ့ လေးနာရီကွာဝေးတဲ့ ကျောက်တော်အထွေထွေကုဆေးရုံသို့ မသွားနိုင်ခဲ့ပါ။ အဲ့ဒီအစား ပြင်းထန်သော ဒဏ်ရာရရှိသူ(၃)ဦးအား လှေဖြင့်နှစ်နာရီကြာအောင် စီးရတဲ့ အပေါက်ဝတိုက်နယ်ဆေးရုံသို့ ည၉နာရီတွင် ပို့ဆောင်ခဲ့ပေမဲ့ ဆေးရုံမှလက်မခံခဲ့ပါ။
အပေါက်ဝတိုက်နယ်ဆေးရုံမှ မွတ်စလင်မ်များသွားခွင့်မရှိသော ကျောက်တော်ဆေးရုံသို့ လွှဲပြောင်းပေးရန် လိုအပ်ခဲ့တဲ့အတွက် နောက်ဆုံးမှာ ၎င်းတို့ဟာ အာဏာပိုင်များထံမှ ခရီးသွားလာခွင့်ကို လိုအပ်ခဲ့ပါတယ်။ ထိုသို့ပြုလုပ်ရန် ရှည်လျားတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရမှာဖြစ်ပြီး ခွင့်ပြုချက်မှာလည်း ရက်အနည်းငယ်ကြာတာတောင်မှ ရဖို့က မသေချာပါ။ ထိုသို့အရေးပေါ်အခြေနေမှာတောင် ၎င်းတို့ရဲ့ ဇာတိမြေရှိ ကျန်ရှိနေသေးသော ရိုဟင်ဂျာများမှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်မရရှိဘူးလို့ သတင်းရရှိခဲ့ပါတယ်။