ဧပြီလ(၁၆)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်သို့ ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာပေါင်း၄၀၀ကို သယ်ဆောင်လာတဲ့လှေဟာ လူကုန်ကူးသူတွေကို တော်လှန်အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
ထိုတော်လှန်မှုအတွင်း လူကုန်ကူးခံရသူရိုဟင်ဂျာအမျိုးသား၁၇ဦးအဖွဲ့ကဦးဆောင်ပြီး ရခိုင်လူကုန်ကူးသူ(၁၁)ဦးထဲမှ(၄)ဦးကို သတ်နိုင်ခဲ့ကြောင်း၊ ကပ္ပတိနိအပါအဝင်(၂)ဦးကိုတော့ ဘင်္ဂလားဒေ့ရှ်သို့ ဓားစာခံအနေနဲ့ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်းနဲ့ နောက်ထပ်(၅)ဦးကိုတော့ အခြားလှေတစ်စီးမှ လာရောက်ကယ်တင်သွားတယ်လို့ ၎င်းတို့ရဲ့ လူကုန်ကူးခံရမှုအား ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပုံကို ပြန်လည်ပြောပြခဲ့ပါတယ်။
တော်လှန်ရေးမတိုင်မီ လူကုန်ကူးသူများက ထိုအမျိုးသား၁၇ဦးမှ (၅)ဦးကို ချက်ပြုတ်ရေးအတွက် ခိုင်းစေခဲ့ကြောင်း၊ အခြားသူများကိုတော့ အားနည်းတဲ့ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီးများကို ကူညီရန်နဲ့ သေဆုံးသွားခဲ့သူများကို ရေထဲသို့ပစ်ချရန်စတဲ့ အမျိုးမျိုးသောတာဝန်များကို ပေးအပ်ခိုင်းစေခဲ့တယ်လို့ သိရပါတယ်။
ရိုဟင်ဂျာအမျိုးသမီး(၈)ဦး၊ အမျိုးသား(၅၀)ဦး စုစုပေါင်း(၅၈)ဦး သေဆုံးပြီးတဲ့အခါမှာတော့ ထိုအမျိုးသားများက လူကုန်ကူးသူများအား သူတို့တတ်နိုင်တဲ့နေရာတိုငိးသို့ ဝင်ခွင့်ပေးရန်တောင်းဆိုခဲ့တယ်။ ၎င်းတို့ထွက်ခွာသွားတဲ့ ပထမပတ်မှစတင်ပြီး ခရီးမည်မျှကြာမည်ကို ခန့်မှန်းထားခဲ့ပေမဲ့ ရက်ပေါင်း၅၀ကျော် ကြာမြင့်ခဲ့ပြီး ဖြစ်ပါတယ်။ စားနပ်ရိက္ခာနဲ့ရေ မလုံလောက်သဖြင့် ငတ်မွတ်ခေါင်းပါးခြင်းကို ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာများအား သံချောင်းများ၊ တုတ်များ၊ ခါးပတ်များဖြင့် ရိုက်နှက်ခဲ့ကြပါတယ်။ ထိုရိုဟင်ဂျာအမျိုးသား(၁၇)ဦးက တောင်းဆိုမှုများပြုလုပ်တဲ့အခါမှာတော့ “မင်းတို့ငါတို့ပြောတဲ့အတိုင်းလုပ် ၊မလုပ်ရင် သေရွာပို့ပစ်မယ်လို့”ခြိမိးခြောက်ခဲ့ပါတယ်။ မြန်မာရေတပ်မှအရာရှိများ ၎င်းတို့ရဲ့လှေပေါ်သို့လာခဲ့သော်လညိး လူကုန်ကူးသူများထံမှ ငွေကြေးများရယူကာ ပြန်လည်ထွက်သွားခဲ့ကြပါတယ်။ ၎င်းတို့မျှော်လင့်ထားသလို ဘာအရေးယူမှုမှမပြုလုပ်ဘဲ၊ လူကုန်ကူးခံရသူများကို မကယ်တင်ဘဲ ပြန်လည်ထွက်ခွာသွားတာကြောင့် မျှော်လင့်ချက်များပျောက်ဆုံးခဲ့ကြတာပဲ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ နောက်ထပ်သေဆုံးမှုများ ဖြစ်လာမည်ကိုစိုးရိမ်သောကြောင့် လူကုန်ကူးသူများကို ခုခံနိုင်မဲ့လက်နက်များကို စတင်ခိုးဝှက်စုဆောင်းခဲ့တာပဲ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မဆင်းသက်မီတစ်ရက်နဲ့ ၆နာရီအလိုမှာ ပုန်ကန်မှုစတင်ခဲ့တာပဲ ဖြစ်ပါတယ်။
ထိုအမျိုးသားများက လူကုန်ကူးသူများအငိုက်မိစေရန် အကောင်းဆုံးအချိန်ဖြစ်တဲ့ ညနေခင်းထိစောင့်စားခဲ့ကြပါတယ်။ လူကုန်ကူးသူများတွင် ပစ္စတိုနှစ်လုံးရှိကြောင်းလည်း ၎င်းအမျိုးသားများက သတိပြုမိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ လူကုန်ကူးသူတစ်ဦးကို ငါးဖမ်းသင်္ဘောပေါ်မှာသတ်ခဲ့ပြီး၊ အခြားသူများကို လှေကုန်းပတ်ပေါ်ရှိ အိမ်သာမှာစောင့်စားခဲ့ကာ တစ်နာရီအကြာတွင် ရခိုင်လူမျိုးသုံးဦးအား ဖမ်းဆီးရမိခဲ့ပါတယ်။
လူကုန်ကူးသူများက ပြန်လည်တိုက်ခိုက်လာချိန်တွင် အမျိုးသမီးများနဲ့ကလေးငယ်များက သင်္ဘောကိုယ်ထည်သို့ ပြေးလာခဲ့ကြပါတယ်။ တော်လှန်မှုမှာ ငါးနာရီခန့်ကြာမြင့်ခဲ့ပါတယ်။ အဲဒီ့အချိန်တွင် လူကုန်ကူးသူများက ၎င်းတို့ကိုကယ်ဆယ်ရန် အခြားလှေများနဲ့ အဆက်သွယ်လုပ်ခဲ့ပြီး နောက်ထပ်လူကုန်ကူးဂိုဏ်းတစ်ခုမှ လာရောက်ကယ်တင်ခဲ့ပါတယ်။ လူကုန်ကူးသူများက အခြားလှေပေါ်သို့ ခုန်ချလိုက်သည်နှင့် ရိုဟင်ဂျာအမျိုးသားများက စက်အရှိန်ကို မြှင့်ကာ မောင်းနှင်ထွက်ပြေးလာခဲ့သည်။
ဓားစာခံဖမ်းဆီးထားတဲ့ ရခိုင်လူမျိုးနှစ်ဦးအနက်မှ ကပ္ပတိန်အား Teknafတွင် ဖမ်းဆီးခဲ့သည်။ အသက်ရှင်ကျန်ရစ်သူကို ကူတူပလောင်းတွင် ကွာရန်တင်းဝင်ရန် ခေါ်ဆောင်ခဲ့တဲ့အတွက် အခြားသူများရဲ့ တည်နေရာကို မသိရှိရပါ။ ၎င်းရဲ့သုံးသပ်ချက်အရ ထိုလူကုန်ကူးသူများအား အရေးယူမှုမရှိခဲ့ဘူး မတော်လှန်ခဲ့ဘူးဆိုရင် ရိုဟင်ဂျာပေါင်းများစွာထပ်ပြီး သေဆုံးနိုင်ဖွယ်ရှိပြီး ၎င်းတို့ထဲတွင် တော်တော်များများဟာ လမိးမလျှောက်နိုင်ဘူးလို့လဲ ကြားသိရပါတယိ။