ပင်လယ်ပြင်တွင် ရိုဟင်ဂျာပေါင်းများစွာ သောင်တင်လျက်ရှိရာ ရိုဟင်ဂျာအမျိုးသမီးများစွာကို သင်္ဘောသားများက အဓမ္မပြုကျင့်ကာ ကိုယ်ဝန်ရစေခဲ့ပြီး အခြးတစ်ဖက်မှာလည်း လူကုန်ကူးသူများက Pushbackကိုအကြောင်းပြကာ ငွေများထပ်မံတောင်းဆိုနေတယ်လို့ မိသားစုဝင်အချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။
မကြာသေးမီက အသက်ရှင်ကျန်ရစ်ခဲ့သော နူရ်အစ်လာမ်က”လူကုန်ကူးသူများဟာ အမျိုးသမီးများအား အဓမ္မပြုကျင့်ခံခဲ့ကြရပြီး အချို့မှာလှေပေါ်တွင် ကိုယ်ဝန်ဆောင်ခဲ့ကြရပါတယ်။ လူပေါင်းများစွာဟာ စိတ်ဒဏ်ရာရခြင်း၊ အစာရေဆာငတ်မွတ်ခြင်း၊ ရေဓာတ်ကုန်ခမိးခြင်းနဲ့ အာဟာရချို့တဲ့ခြင်းများကြောင့် သေဆုံးခဲ့ကြရတယ်လို့”ပြောပြခဲ့ပါတယ်။
လက်ရှိလှေနစ်မြှုပ်သူတစ်ဦးရဲ့အကိုက”လူကုန်ကူးသူတွေက ရက်အနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ပို့ပေးမယ်လို့ပြောပြီး ငွေအပို(ဝ,၀၀၀)BDTကို မကြာသေးမီက ထပ်တောင်းခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာတော့ တောင်းတဲ့ငွေကို bKshမှတစ်ဆင့် ၎င်းတို့ရဲ့ဖုန်းနံပတ်ကို လွှဲပေးခဲ့ပါတယ်။ ကျွန်တော့်ကိုခြိမ်းခြောက်တဲ့အတွက် ကျွန်တော့ညီရဲ့လုံခြုံရေးအတွက် စိုးရိမ်ပြီး ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့သူတို့ဟာ သူတို့ရဲ့ပန်းတိုင်ကိုသွားဖို့ အခြေနေကြည့်လှုပ်ရှားနေတာပဲ ဖြစ်တယ်ဆိုပြီး ပြောပါတယ်လို့”Rဗီးရှင်းကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် အထက်ပါ လျှို့ဝှက်သတင်းအချက်အလက်ဟာ သူရဲ့ညီအား အန္တရာယ်ဖြစ်စေနိုင်တာကြောင့် မည်သူမည်ဝါဖြစ်ကြောင်း မထုတ်ဖော်ရန် Rဗီးရှင်းသို့ တောင်းဆိုခဲ့ပါသေးတယ်။
သတင်းများအရ လူကုန်ကူးသူတွေဟာ ၂၉ယောက်ပါတဲ့ပထမအုပ်စုကဲ့သို့ ဖြစ်နိုင်ခြေရှိသော်လည်း ကမ်းခြေတွင်ခိုးထွက်ရန် ရည်ရွယ်ချက်ရှိရှိ မကြိုးစားကြပါ။ နှစ်ဖက်စလုံးမှ အာဏာပိုင်များအနေဖြင့် အခြေနေကို အပြည့်အဝသတိပြုမိသဖြင့် မျှော်လင့်ထားတဲ့ပမာဏကို ဆုံးရှုံးစေနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။ အကယ်၍အာဏာပိုင်များက လူကုန်ကူးခံရသူများကို ထိန်းသိမ်းထားခဲ့မယ်ဆိုရင် လူကုန်ကူးသူတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။ အကြောင်းမှာ ငွေဟာ လူကုန်ကူးခံရသူတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် ယူထားတာပဲ ဖြစ်ပါတယ်။
ဒုက္ခသည်၂၉ဦးအထိ ပါဝင်တဲ့အုပ်စုတွင် အမျိုးသမီးများနဲ့ ကလေးများပါဝင်ပြီး ၎င်းတို့ကိုအာဏာပိုင်များက ဘင်္ဂလားပင်လယ်အော်ရှိ Bhasan Charကျွန်းသို့ ရွှေ့ပြောင်းခဲ့ပြီး ၎င်းတို့ဟာ ဒုက္ခသည်၃၅၀ကျော်ရှိတဲ့ ပိုကြီးတဲ့အုပ်စုမှာ ပါဝင်နေတယ်လို့ ယုံကြည်ရပါတယ်။ ၎င်းတို့အနက် လူ၄၃ဦးတင်ဆောင်ထားတဲ့ လှေတစ်စင်းဟာ ကမိးခြေပေါ်သို့ဆင်းသက်နိုင်ပြီး အခြားသူများမှာမူ ပင်လယ်ပြင်တွင် သောင်တင်နေဆဲဖြစ်ပါတယ်။
အခြားသတင်းများရဲ့ဖော်ပြချက်အရ လူကုန်ကူးသူများဟာ တောင်းဆိုတဲ့ပမာဏာကို တာဝန်ရှိဆွေမျိုးများက ပေးနိုင်ခဲ့တဲ့ ဒုက္ခသည်များကိုသာ ကမ်းခြေသို့ပို့ဆောင်ပေးပေမဲ့ ကျန်သောဓားစာခံများကိုတော့ pushbackကိုအကြောင်းပြကာ အပိုငွေများကို အတင်းဓမ္မပေးဆောင်စေတယ်လို့ သိရှိရပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က စနေနေ့တွင် ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့မှ ကယ်ဆယ်ခဲ့သော ရိုဟင်ဂျာအုပ်စုအား ဝေးလံတဲ့ငရဲကျွန်းသို့ လွှဲပြောင်းမှုကိုဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။