ဘန်ကောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ဘင်္ဂလားဒေ့ရှ်အစိုးရအား ကမ်းတင်လျက်ရှိတဲ့ ဒုက္ခသည်ရိုဟင်ဂျာများအား ခွင့်ပြုပေးရန်နဲ့ ၎င်းတို့ရဲ့လူကုန်ကူးသူတွေကို အရေးယူရန် တိုက်တွန်းခဲ့ပါတယ်။မကြာသေးမီက ပင်လယ်ထဲမျောနေတဲ့သင်္ဘောတစ်စီးပေါ်မှ ကယ်တင်ခံခဲ့ရသော အသက်ရှင်ကျန်ရစ်သူအချို့ကို သင်္ဘောသားများက သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်းနဲ့ အစာရေဆာငတ်မွတ်အောင်ထားရှိခြင်းများဟာ သေဆုံးမှုနှုန်းကို မြင့်တက်လာစေတယ်လို့ သိရပါတယ်။
“ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရှာဖွေရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းဖြန့်ကျက် လုပ်ဆောင်သင့်ပါတယ်။ ဒီသင်္ဘောများရဲ့ လူသတ်သမားများဟာ ဒုက္ခသည်များအား တစ်ခါသုံးပစ္စည်းများလို သဘောထားဆက်ဆံလျှက်ရှိပြီး ပင်လယ်ပြင်မှာမျောနေတဲ့လှေများကို ကယ်ဆယ်ဖို့ အဲ့ထက်ပိုတဲ့အကြောင်းပြချက်များစွာလည်း ရှိနေပါသေးတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ တရားစွဲဆိုရန် တာဝန်ရှိတယ်”လို့ Fortify Rightsမှ အမှုဆောင်ဖြစ်သူ မက်သရူးစမစ်သ်ဆိုသူက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ရာနဲ့ချီတဲ့ရိုဟင်ဂျာများဟာ အိန္ဒိယသမုဒ္ဒရာရှိ အနည်းဆုံးသင်္ဘောနှစ်စင်းပေါ်တွင် သောင်တင်နေတယ်လို့ သံသယရှိပါတယ်။ ဧပြီလ(၂၂)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝနိကြီးအဘ်ဒူလ်မိုမန်က “ငါကဒီရိုဟင်ဂျာတွေကို နိုင်ငံထဲဝင်ခွင့်ပြုတာကို ဆန့်ကျင်ပါတယ်။ဘာကြောင့်လဲဆိုတော့ အခြားနိုင်ငံကတာဝန်ယူရမဲ့ကိစ္စကို ဘင်္ဂလားဒေ့ရှ်က အမြဲတမ်းတာဝန်ယူဂရုစိုက်ရတယ်။ ဒီထက်ပိုပြီး ရိုဟင်ဂျာတွေကို ဘယ်တော့မှခွင့်မပြုတော့ဘူးလို့”မီဒီယာများသို့ပြောကြားခဲ့ပါတယ်။
ဧပြီလ(၂၃)ရက်နေ့မှာတော့ UNHCRက နိုင်ငံအနေဖြင့် COVID-19တုန့်ပြန်မှုများကို ရှောင်ရှားရန် ပြည်နယ်များကိုတောင်းဆိုခဲ့တဲ့အတွက် ရလဒ်အားဖြင့် ဒုက္ခသည်များကို ခိုလှုံခွင့်ပိတ်ပင်ခြင်း(သို့မဟုတ်) လူများအား အန္တာရယ်များတဲ့အခြေနေများသို့ အတင်းအကျပ်ပြန့်ပို့ခြင်းများကို ဖြစ်ပေါ်စေပါတယ်။
ဒီလအစောပိုင်း ဧပြီ(၁၆)ရက်နေ့တွင် မလေးရှားဟာ ရိုဟင်ဂျာဒုက္ခသည်များသင်္ဘောကို ပင်လယ်ပြင်သို့ပြန်လည်တွန်းပို့ခဲ့ပြီး သဘောင်္တည်နေရာနဲ့ ၎င်းခရီးသည်များ အသက်ရှင်လျက်ရှိမရှိကို မသိရှိရသေးဘူးလို့လည်း သတင်းရရှိပါတယ်။