Press "Enter" to skip to content

ရိုဟင်ဂျာဓာတ်ပုံပြိုင်ပွဲ Kutupalong တွင် ပြုလုပ်မယ်

ရိုဟင်ဂျာဒုက္ခသည်များအတွက် ဓာတ်ပုံပြိုင်ပွဲတစ်ခုကို ပြုလုပ်ပေးမှာဖြစ်ပြီး ပြိုင်ပွဲကို ၂၀၂၀ခုနစ် ဧပြီလ၂၃ရက်မှ ၂၀၂၀ခုနစ် သြဂုတ်လ၂၃ရက်အတွင်း ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုပြိုင်ပွဲတွင် “ရိုဟင်ဂျာဘဝ”နဲ့ “ကိုရိုနာဗိုင်းရပ်စ်တုန့်ပြန်မှု” ဆိုတဲ့ အမျိုးအစားနှစ်မျိုး ပါဝင်မှာဖြစ်ပြီး မည်သည့်နေရာတိုင်းမှာမဆို နေထိုင်တဲ့ရိုဟင်ဂျာများ ပါဝင်နိုင်ပါတယ်။ အနိုင်ရရှိသူကတော့ ငွေသားဆုကို ရရှိမှာ ဖြစ်ပါတယ်။

ဓာတ်ပုံရွေးချယ်ခြင်းကိုတော့ ကနေဒါ အော့ထဝါရှိ လူ့အခွင့်ရေးသုတေသနနဲ့ ပညာရေးစင်တာ(HRREC)နဲ့ အောက်စ်ဖို့လူ့အခွင့်အရေးပွဲတော်၊ အောက်စ်ဖို့၊ UK နဲ့ အွန်လိုင်းသတင်းမီဒီယာများတွင် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Dhaka Tribuneမှာလညိး ဆုရရှိမှာဖြစ်ပြီး အခြားမြို့များမှာလည်း ပြပွဲကျင်းပမယ်လို့ မျှော်လင့်ရပါတယ်။ လန်ဒန်ဓာတ်ပုံစတူဒီယိုတစ်ခုဟာ ၎င်းရဲ့ Instagramအကောင့်တွင် အကောင်းဆုံးဓာတ်ပုံများကို စီးရီးအလိုက်ပြသသွားမှာ ဖြစ်ပါတယ်။ ဝင်ခွင့်များကိုတော့ WhatsApp (သို့)Twitter (သို့) Facebook စတဲ့ လူမှုကွန်ယက်စာမျက်နှာများတွင် ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူနဲ့ စီစဉ်သူ ရှဖားရ်ရဟ်မာန်က”ကမ္ဘာကြီးဟာ ထင်မှတ်မထားတဲ့အရာတွေကို မကြုံစဖူးကြုံတွေ့ပြီး နေထိုင်လျက်ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာတွေဟာ ကြီးမားတဲ့ဖိအားပေးမှုတွေကို ရင်ဆိုင်နေကြရပါတယ်။ ယခုအချိန်မှာ စခန်းများနဲ့ အခြားနေရာများတွင် အခြေစိုက်တဲ့ ဓာတ်ပုံပြိုင်ပွဲဟာ ၎င်းတို့နေထိုင်ရာအခြေနေနဲ့ ကျွန်တော်တို့ကူညီဖန်တီးပေးတဲ့ အခြေအနေများကို မြင်ယောင်နားလည်လာကြလိမ့်မယ်။ ဒီလိုပြိုင်ဆိုင်မှုဟာ အချိန်ကာလတစ်ခုကို ဖော်ပြနိုင်တဲ့မှတ်စုစာအုပ်လေးအဖြစ် ကိုယ်စားပြုပါလိမ့်မယ်။ကျွန်တော်စခန်းမှာ သုံးနှစ်တာရိုက်ကူးခြင်းနဲ့ ဓာတ်ပုံရိုက်ခြင်းဟာ ကျွန်တော့်ကို ဓာတ်ပုံပညာအတွက် ပိုပြီးစိတ်အားထက်သန်စေပါတယ်။ ဒီလိုပိတ်ဆို့မှုတွေနဲ့ ခြိမ်းခြောက်ခံနေရတဲ့အချိန်မှာ ဒီလိုအခွင့်အရေးဟာ ရိုဟင်ဂျာလူငယ်များ၊ အမျိုးသမီးများနဲ့ ကလေးသူငယ်များကို ကိုယ့်ကိုယ်ကို ထုတ်ဖော်ပြောဆိုခွင့်၊ သက်သေခံခွင့်ရရန် အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်လို့”ပြောကြားခဲ့ပါတယ်။

ပိုမိုသိရှိလိုပါက https://kutupalong.com သို့ ဝင်ရောက်ကြည့်၇ှု့နိုင်ပါတယ်။

(သို့မဟုတ်)

Shafiur Rahman at shafiur@gmail.com or +447880501913 (Mobile/Whatsapp/Signal) ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.