Press "Enter" to skip to content

လူ့အခွင့်အရေးအဖွဲ့များက မလေးရှားနိုင်ငံအား လှေစီးဒုက္ခသည်များကို ကယ်တင်ရန်နဲ့ ဖိအားပေးမှုများကို ရပ်တန့်ရန်တောင်းဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပင်လယ်ထဲတွင်၂လနီးပါး မျောပါလျက်ရှိသော လှေစီးပြေးဒုက္ခသည်ရိုဟင်ဂျာ၄၀၀ကို ကယ်ဆယ်ခဲ့ပြီးနောက် ၂၀၂၀ခုနစ်၊ ဧပြီလ၁၇ရက်နေ့တွင် လူအခွင့်ရေးအဖွဲ့စည်းအချို့ဟာ မလေးရှားနိုင်ငံအစိုးရအား လှေစီးဒုက္ခသည်ရိုဟင်ဂျာများအပေါ် ဖိအားပေးနေမှုများကိုရပ်တန့်ရန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင်ရန်နဲ့ လှေများဘေးကင်းလုံခြံမှုသေချာစေရန် တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

မလေးရှားရေကြောင်းအာဏာပိုင်များသည် လှေဖြင့်ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များအား ပြန်ပို့လိုက်ပြီဆိုတဲ့ သတင်းများအပေါ် ပြင်းထန်စွာစိုးရိမ်မကင်းဖြစ်လျက်ရှိတဲ့ အာရှပစိဖိတ်ဒုက္ခသည်အခွင့်ရေးကွန်ယက်(APRRN)ဟာ မလေးရှားနဲ့ထိုင်းအစိုးရတို့အား နယ်မြေများဝင်ရောက်ပိတ်ဆို့ရေးဒီဇိုင်းရေးဆွဲခြင်းများ၊ ဖိအားပေးမှုများကိုရပ်စဲပေးရေး၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းလုပ်ဆောင်ပေးရေး၊ လိုအပ်ပါက လူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့ ဆေးကုသမှုများပေးရေးနဲ့ ၎င်းတို့ရဲ့နယ်မြေအတွင်း ခိုလှုံခွင့်တောင်းခံသူများနဲ့ ဒုက္ခသည်များအတွက် လုံခြုံပြီးပွင့်လင်းမြင်သာမှုရှိစေရန်နဲ့ UNHCRကို လက်လှမ်းမီစေရန် လုပ်ဆောင်ပေးရန် တောင်းဆိုလိုက်ပါတယ်။

ဘန်ကောက်အခြေစိုက် Fortify Right မှလည်း မလေးရှားအစိုးရအနေဖြင့် ပင်လယ်ပြင်တွင် မျောပါနေသောရိုဟင်ဂျာဒုက္ခသည်များရဲ့ လှေများရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများကို ဖြန့်ကျက်လုပ်ဆောင်ရန် ဒေသအတွင်းအစိုးရများနဲ့ အရေးပေါ်ညှိနှိုင်းသင့်ကြောင်း Fortify Rightမှ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဧပြီ(၁၆)ရက်နေ့တွင် မလေးရှားနိုင်ငံသို့ သွားရောက်ရန် ကြိုးပမ်းမှုမအောင်မြင်ဘဲ ပင်လယ်ပြင်တွင် နှစ်လခန့်ကြာမျောပါနေသော လှေတစ်စီးမှ ရိုဟင်ဂျာလှေစီးဒုက္ခသည်၃၉၆ဦးကို ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းစောင့်တပ်မှ ကယ်ဆယ်ခဲ့ဲပြီး အဆိုပါအဖွဲ့မှ လှေစီးဒုက္ခသည်၆၀ဦး ရေလမ်းတွင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အသက်ရှင်ကျန်ရစ်သူများသည် အများအားဖြင့် အမျိုးသမီးများနဲ့ ကလေးများဖြစ်ပြီး ဖေဖော်ဝါရီလလယ်တွင် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများမှ ငါးဖမ်းလှေတစ်စင်းဖြင့် ရွက်လွှင့်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဧပြီလ(၁၆)ရက်နေ့ မနက်၁၀နာရီခန့်တွင် ဒုက္ခသည်ရိုဟင်ဂျာအပေါင်း၂၀၀ကျော်လိုက်ပါတဲ့ နောက်ထပ်လှေတစ်စီးကို မလေးရှားတော်ဝင်လေတပ်နဲ့ရေတပ်မှ ရှာဖွေတွေ့ရှိခဲ့ပေမဲ့ ပင်လယ်ထဲသို့ ပြန်လည်မောင်းထုတ်ခဲ့တယ်လို့ Fortify Rightအဖွဲ့မှ RMAFရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြောဆိုခဲ့တယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ဧပြီလ၅ရက်နေ့တွင် အခြားလှေတစ်စီးဟာ လန်ကာဝီသို့ ရောက်ရှိခဲ့ပြီး ၎င်းလှေထဲတွင် ရိုဟင်ဂျာ၂၀၂ဦးနဲ့အတူ အမျိုးသား၁၅၂ဦး၊ အမျိုးသမီး၄၅ဦး၊ ယောက်ကျားလေး၄ဦးနဲ့ မိန်းကလေးတစ်ဦးတို့ ပါဝင်ပြီး ၎င်းတို့ကို Bukit Malutရှိ Kedahနဲ့ Perlis MMEAသို့ ခေါ်ဆောင်ကာ သော့ခတ်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုမှ လွတ်မြောက်လာသော ရိုဟင်ဂျာဒုက္ခသည် ၁၀၀,၀၀၀နီးပါးဟာ မလေးရှားနိုင်ငံတွင် ခိုလှုံနေထိုင်လျက် ရှိပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.