Press "Enter" to skip to content

မောင်တောတွင် နေအိမ်များနဲ့ဈေးဆိုင်များတွင် ရိက္ခာများပြတ်လပ်လျက်ရှိပြီး ကုန်ဈေးနှုန်းများမြင့်တက်

COVID-19ကို ကြောက်ရွံ့မှုများတိုးပွားလာတာကြောင့် အိမ်များနဲ့ဈေးဆိုင်များတွင် သိုလှောင်ထားသောစားနပ်ရိက္ခာများ ပြတ်လတ်ပြီး ကုန်ဈေးနှုန်းများ မြှင့်တက်လျက်ရှိကာ ရိုဟင်ဂျာပေါင်းများစွာဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ Rohingya Eyeမှ တင်ပြခဲ့ပါတယ်။

ယခင်တားမြစ်ချက်များအပြင် အစိုးရဟာ သွားလာလှုပ်ရှားမှုများကိုပါ ထိန်းချုပ်ထားတဲ့အတွက် ဆင်ခြေဖုံးကျေးရွာများမှ လူများသည် မောင်တောဗဟိုဈေးကွက်သို့ မလာနိုင်ကြပါ။ ဒါ့အပြင် လက်လီရောင်းချသူများ(သို့မဟုတ်) လက်ကားဝယ်သူများထံမှလဲ အဝယ်အမှာစာများလည်းမရှိသလို ရောင်းချသူများရဲ့ ရောင်းချမှုနဲ့ ထောက်ပံ့ရေးပစ္စည်းများလဲ လုံလုံလောက်လောက်မရှိပါ။

“တစ်နေ့ကို သိန်းထောင်ချီလောက်ရောင်းခဲ့ရပါတယ်။ အခုတော့ ၃သောင်းကျပ်မှ ၅သောင်းကျပ်ရအောင်ရောင်းရန်ပင် ခက်ခဲလှတယ်လို့”ဒေသခံတစ်ဦးမှ Rဗီးရှင်းသို့ ပြောပြခဲ့ပါတယ်။ဆိုလိုသည်မှာ စီးပွားရေးအရ အထက်တန်းစားလူများပင် ထိုအခြေနေအတိုင်း ဆက်သွားမယ်ဆိုရင် ဆက်လက်ရှင်သန်နေထိုင်ရန် ပြင်ပအကူအညီများလိုအပ်ပါတယ်။ ထောက်ပံ့ရေးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသတွင် နေထိုင်လျက်ရှိသော နေ့စားအလုပ်သမားများအနေဖြင့် ပိုပြီဒုက္ခရောက်နေကြရပါတယ်။

“အသက်ရှင်နေထိုင်ရေးအတွက် ကျွန်တော်နေ့စဉ် အလုပ်သွားပါတယ်။ လှုပ်ရှားမှုများ ထိန်းချုပ်မှုကြောင့် အလုပ်မသွားနိုင်တော့ပါ။ အဲ့တော့ တစ်နေ့ကိုတစ်နပ်ပဲ စားမယ်ဆိုပြီး တစ်နပ်လျော့စားကြပါတယ်။အဲ့ဒီ့အပြင် ကျေးလက်လက်လီအရောင်းဆိုင်များနဲ့ ဈေးကွက်များက ကုန်ဈေးနှုန်းများကို မြှင့်တင်ရောင်းချလျက်ရှိတယ်”လို့ မိဘ၊မိန်းမ နဲ့ ကလေး၄ယောက်ကို ရှာဖွေကျွေးမွေးလျက်ရှိသူ အိမ်ထောင်ဦးစီး အာမီန်းဟာကင်မ်မှ ပြောပြခဲ့ပါတယ်။

မကြာသေးမီက အစိုးရဟာ အထူးသဖြင့်ဒေသများရှိလိုအပ်နေသူများကို စားနပ်ရိက္ခာအချို့ ဖြန့်ဝေခဲ့ပါတယ်။ မောင်တောမြို့ ၅ရပ်ကွက်ရှိ မိသားစုတိုင်းကို ဆန်၁၅ကီလို၊ ဆီ၇၅၀ဂရမ်၊ ကြက်သွန်နီ၁.၅ကီလိုဂရမ်နဲ့ ဆားတစ်ထုပ်စီ ပေးပြီး၊ ရပ်ကွက်၂တွင်ဆန်၁၀ကီလို၊ ဆီ၅၀၀ဂရမ်၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ၂၅၀ဂရမ်အား မိသားစုတစ်စုစီအတွက် ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်များကိုမကြာခဏ ဆေးကြောသန့်စင်ခြင်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး အပါအဝင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်၊ ဧပြီလ ၃၀ရက်နေ့အထိ ည၁၀နာရီမှ မနက်၅နာရီအထိ ညမထွက်ရန် စတဲ့အမိန့်များ ထုတ်ပြန်ခဲ့သည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ကုန်သွယ်ရေး ယာယီရပ်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။

မကြာသေးမီက ၎င်းဒေသအတွင်း တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့တဲ့ မြိုအမျိုးသားတစ်ဦးအား သံသယလူနာအဖြစ် စောင့်ကြည့်စစ်ဆေးခဲ့ရာ ရောဂါမတွေ့ရှိခဲ့ပါ။ ၎င်းဒေသအတွင်း COVID-19 ဖြစ်ပွားမှု အတည်ပြုထားခြင်း ခုချိန်ထိမရှိသေးပါ။ ဒါပေမဲ့ သတင်းများအရ အဆိုပါဒေသအတွင်း အခြားကူစက်တတ်သော အရေပြားရောဂါများ ပျံနှံ့နေပြီး လူအများဟာ အရေပြားပေါ်တွင် အဖုအပိန့်များထွက်ကာ ယားယံမှုကိုခံစားနေရပါတယိ။ ပုံမှန်အားဖြင့် ဒေသအတွင်းတွင် ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းလျက်ရှိပြီး တိုင်းရင်းသားရိုဟင်ဂျာများဟာ စောင့်ရှောက်မှုကို လက်လှမိးမှီရန် အကန့်အသတ်ဖြင့်သာ ရှိတယ်လို့ သိရပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.