Press "Enter" to skip to content

နယ်ခြားစောင့်ရဲတပ်ဖွဲ့(BGP)မှ ၂၀၁၇ခုနစ်တွင် မီးရှို့ခံရသော တိုင်းရင်းသားရိုဟင်ဂျာအိမ်များ ပြန်လည်တည်ဆောက်ရန် မ.ရ.ကခွင့်ပြုချက်အား ငြင်းပယ်

ရခိုင်ပြည်နယ် မောင်တောမြို့တွင်၂၀၁၇ခုနစ် စစ်တပ်ရဲ့ဖြိုခွင်းမှုစစ်ဆင်ရေးအတွင်း အိုးအိမ်များမီးရှို့ခံခဲ့ရသော တိုင်းရင်းသားရိုဟင်ဂျာများအား ယာယီတဲများတည်ဆောက်ခြင်းကို နယ်ခြားစောင့်ရဲတပ်ဖွဲ့(BGP)မှ ရပ်တန့်ရန် အမိန့်ထုတ်ခဲ့တယ်လို့ Rohingya Eyeမှ တင်ပြခဲ့ပါတယ်။

သတင်းများအရ, လွန်ခဲ့တဲ့လအစောပိုင်းတွင် ၂၀၁၇ခုနစ်စစ်ဆငိရေးအတွင်း ထိခိုက်နစ်နာပြီး ပြည်တွင်းမှအိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသော မောင်တောမြောက်ပိုင်းရှိ တိုင်းရင်းသားရိုဟင်ဂျာမိသားစု၁၅၀၀ခန့်ကို ၎င်းတို့မူလနေရာမှာ အိမ်များပြန်လည်တည်ဆောက်နိုင်ရေးအတွက် လျော်ကြေးများပေးသွားမယ်လို့ မ.ရ.ကမှ အစည်းဝေးပွဲတွင်ကြေငြာခဲ့ပြီး မိသားစုတစ်စုစီအား ငွေကျပ်(၂၅၀,၀၀၀)ခန့်ပေးမယ်လို့ဆိုပေမဲ့ ငွေများပေးအပ်ရာတွင် မောင်တောမြောက်ပိုင်း ကျောက်လှေခါးတွင် အချို့မိသားစုများမှာ ရရှိမဲ့ငွေပမာဏရဲ့ထက်ဝက်သာရပြီး ကျန်မိသားစုများမှာမူ စာရင်းပေးသွင်းထားပေမဲ့ မရရှိဘူးလို့ သိရပါတယ်။

ဤရွာတွင် မိသားစု၁၃၀စုရှိတဲ့အနက် မိသားစု၂၄စုကိုတော့ ကျပ်ငွေ၁၂၀,၀၀၀စီသာရပြီး   ကျန်မိသားစု၁၅စုမှာတော့ လစာမရပါ။ အလားတူပဲ သေးချောင်းတွင် မိသားစု၆စု၊ ကျောက်လှေခါးကျေးရွာအုပ်စု ရွာသစ်မှ မိသားစု၁၀စုတို့မှာ ငွေရရှိမဲ့စာရင်းတွင်ပါသော်လည်း ငွေကိုတော့ လက်ခံမရရှိဘူးလို့ သိရပါတယ်။

“မ.ရ.ကကိုယ်စားလှယ်အဖွဲ့ဟာ ထိခိုက်နစ်နာတဲ့ဒေသများကို သွားရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ပူးပေါင်းကာ ငွေတွေကိုပေးအပ်ခဲ့ရာတွင် လူအတော်များဟာ ငွေအပြည့်ဝရရှိပါတယ်။ တစ်ချို့မှာတဝက်ပဲရပြီး တစ်ချို့မှာမူ လုံးဝမရရှိပါ။ ပါတီတစ်ခုက ဒီရန်ပုံငွေများကို ခြယ်လှယ်နေုပုံရတယ်လို့ “ထိခိုက်နစ်နာသူတစ်ဦးမှ ပြောပြခဲ့ပါတယ်။

ဒေသခံများဟာ ၎င်းတို့ရဲ့မူလနေရာများတွင် ယာယီတဲများတည်ဆောက်ဖို့ စတင်တဲ့အခါမှာတော့ ငွေကြေးမလုံလောက်လျက်ရှိနေပြီး BGPအဖွဲ့မှလဲ ခွင့်ပြုချက်အရင်ရယူဖို့ ကြားဖြတ်ကန့်ကွက်ခဲ့ပါတယ်။ ထို့နောက်မှာတော့ လူများဟာ ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် မ.ရ.ကထံမှ စုပေါင်းခွင့်ပြုချက် ရယူခဲ့ပေမဲ့လည်း အဆိုပါBGPအဖွဲ့မှ ခွင့်ပြုချက်ကို ငြင်းပယ်ခဲ့ပြီး အမိုးအကာများဆောက်လုပ်ခြင်းကို ရပ်ဆိုင်းရန် အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။

ရွှေဇာတွင်လည်း နစ်နာသူမိသားစုတစ်စုအား ငွေကျပ်၂၅၀,၀၀၀ပေးခဲ့ပေမဲ့ မ.ရ.ကရဲ့ နှုတ်အရခွင့်ပြုချက်ကို ဆန့်ကျင်၍ BGPမှ ရိုဟင်ဂျာများအားလုံးကို ၎င်းတို့ရဲ့ မူလနေရာတွင် အမိုးအကာများတည်ဆောက်ခြင်းကို ရပ်တန့်ခဲ့ပါတယ်။

အခြေနေများအရ မ.ရ.ကနဲ့ BGPကြား လျှို့ဝှက်သဘောတူညီချက်များ ရှိနေနိုင်ကြောင်း၊ ပြင်ပဝေဖန်မှုများမရှိစေဖို့ မ.ရ.ကဟာ အသက်ရှင်ကျန်ရစ်သူများအား အိမ်များပြန်လည်တည်ဆောက်ရန် ကူညီခဲ့ပေမဲ့အခြားတစ်ဖက်မှာတော့ BGPအာဏာပိုင်များကို စီမံကိန်းအကောင်ထည်ဖော်မှုကို တားဆီးရန် လျို့ဝှက်ညွှန်ကြားထားတယ်လို့ Rohingya Eyeမှ သုံးသပ်တင်ပြထားပါတယ်။

ဒုတိယအချက်အနေနဲ့ မ.ရ.ကဟာ တစ်ဦးချင်းခွင့်ပြုချက်ကိုမပေးအပ်ပဲ အားလုံးအတွက် နှုတ်ဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း စုပေါင်းခွင့်ပြုချက် ထုတ်ပေးခဲ့ခြင်းဟာ နောက်ပိုင်းတွင် တည်ဆောက်သူများအား တစ်ဦးချင်းခွင့်ပြုချက်အမိန့်မရှိပဲ တည်ဆောက်ပါတယ်လို့ စွပ်စွဲအပြစ်ပေးရန်အတွက် နည်းပရိယာယ်အသစ်တစ်ခု ဖြစ်နိုင်ကြောင်းသိရပါတယ်။

“ပေးဆောင်ရတဲ့ငွေပမာဏာက ကျပ်ငွေ၁၂၀,၀၀၀ကနေ ကျပ်၂၅၀,၀၀၀ကျပ်အထိရှိပါတယ်။ဝါး၊သစ်သားနဲ့ သစ်ရွက်များနဲ့ယာယီတဲတစ်ခု တည်ဆောက်ဖို့မလုံလောက်ပါ။ လက်ရှိအချိန်တွင်ဝါး၁၀၀ကို ကျပ်ငွေ၄၀,၀၀၀ရှိနေပြီး၊ အမိုးအကာအတွက် ဓနိရွက်များသက်တမ်း၁၀၀ရဲ့တန်ဖိုးဟာ ငွေကျပ်၆၀၀၀ဝဖြစ်ပါတယ်။ ဒီငွေပမာဏနဲ့ ယာယီတဲဘယ်လို တည်ဆောက်မလဲ။ ဒါ့အပြင် အာဏာပိုင်များက ကျွန်တော်တို့ကိုယ်ပိုင် ကုန်ကျစားရိတ်နဲ့ ရေရှည်တည်တံ့တဲ့ အိမ်တွေကိုဆောက်ခွင့်မပေးဘူးလို့” အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ Rဗီးရှင်းသို့ ပြောပြခဲ့ပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.