Press "Enter" to skip to content

ပုသိမ်တရားရုံးမှ ရိုဟင်ဂျာများ ထွက်ပြေးတိမ်းရှောင်မှု အမှုများအားရုတ်သိမ်းပေးခဲ့

COVID-19ဖြစ်ပွားမှုကို ကြောက်ရွံ့ခြင်းကြောင့် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်တရားရုံးက ဖမ်းဆီးထားသော လူကုန်ကူးခံရသူ ရိုဟင်ဂျာအမြောက်အများကို အမှုမှရုတ်သိမ်းပေးလိုက်တယ်လို့ သိရပါတယ်။

လူကုန်ကူးခံရသူအုပ်စုနှစ်စုတွင် ရိုဟင်ဂျာအမျိုးသားများ၊အမျိုးသမီးများနဲ့ကလေးများပါဝင်ကာ အရွယ်ရောက်ပြီးသူ(၉၇)ယောက်ရှိပြီး အများစုမှာအမျိုးသမီးများနဲ့ ကလေး(၃၁)ယောက် စုစုပေါင်း(၁၂၈)ယောက် ဖြစ်ပါတယ်။ ထိုသူများဟာ တရားမဝင် ဝင်ရောက်စီးနင်းသော ရခိုင်များထံမှ လွတ်မြောက်ရန်ကြိုးပမ်းစဉ် ဖမ်းဆီးထိန်းသိမ်းခံရတာပဲ ဖြစ်ပါတယ်။အာဏာပိုင်များက ထိုသူများကို ရခိုင်ပြည်နယ်ရဲ့ မည်သည့်နေရာသို့ ပို့ဆောင်မည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။

၂၀၁၉ခုနစ်အတွင်း ဧရာဝတီတိုင်း၌ မတူသောအမှု(၃)မှုဖြင့် တိုင်းရင်းသားရိုဟင်ဂျာပေါင်း(၁၄၈)ဦးကို ထိန်းသိမ်းထားခဲ့ပြီး ၂၀၂၀ခုနစ်၊ မတ်လတွင် မလေးရှားသို့ သွားတဲ့လမ်းကြောင်း၌ လိုက်ပါလာသော အခြားတိုင်းရင်းသားရိုဟင်ဂျာ(၄၀)ကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မကြာသေးမီက မလေးရှားအာဏာပိုင်များဟာ မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမှာ လှေဖြင့်ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ(၂၀၂)ဦးအား ထိန်းသိမ်းခဲ့တယ်လို့ သတင်းရရှိပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.