Press "Enter" to skip to content

စစ်သားများက အလွတ်ချန်အိမ်များနဲ့ ဆိုင်ခန်းများကို မီးရှို့နေတယ်လို့ စွပ်စွဲခံရ

မကြာသေးမီက ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းနဲ့ ဘူးသီးတောင်နေရာများစွာတို့မှာ လူမနေဘဲအလွတ်ရှိနေသော အိမ်များနဲ့ဈေးဆိုင်များကို မီးရှို့ဖျတ်ဆီးခဲ့တယ်လို့ Rohingya Eyeမှ တင်ပြခဲ့ပါတယ်။

ထိုနေအိမ်နဲ့ဈေးဆိုင်များဟာ မြန်မာအစိုးရရဲ့ ရိုဟင်ဂျာမွတ်စလင်များအား သုတ်သင်ရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရတဲ့ တိုင်းရင်းသားရိုဟင်ဂျာများပိုင် နေအိမ်များနဲ့ဈေးဆိုင်များဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့များရဲ့ မသင်္ကာဖွယ်ရာလှုပ်ရှားမှုများကြောင့် အနီးနားရှိဒေသခံများက ထိုကျေးရွာများနဲ့ဈေးများကို လုံခြုံးရေးတပ်ဖွဲ့များက မီးရှို့ဖျတ်ဆီးပါတယ်လို့ စွပ်စွဲခဲ့ကြတယ်လို့ သိရပါတယ်။

၂၀၂၀ခုနစ်၊ မတ်လ(၃၁)ရက်နေ့ နေ့လည်၂:၀၀ခန့်မှာ မောင်တောမြို့မြောက်ပိုင်း ငါးခူရဈေးတွင် ဆိုင်ပေါင်းတစ်ရာကျော် မီးလောင်ကျွမ်းခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါဆိုင်ပိုင်ရှင်များကတော့ ၂၀၁၇ခုနစ် စစ်ဆင်ရေးတွင် တိုက်ခိုက်ခံခဲ့ရကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်းအဓမ္မနှင်ထုတ်ခံခဲ့ရတဲ့အတွက် ဆ်ုင်ခန်း၂၀ခန့်မှလွဲပြီး ကျန်ဆိုင်အားလုံးကို စွန့်ပစ်ထားခဲ့တာပဲ ဖြစ်ပါတယ်။

မီးရှို့မှုစတင်ဖြစ်ပွားရာ ဈေးရဲ့အနောက်ဖက်မှာ စ.ဖ.ရ(မြန်မာစစ်ထောက်လှမ်းရေးအဖွဲ့)ရုံး တည်ရှိနေပြီး ထိုအဖွဲ့ဝင်များနဲ့ အပေါင်းအပါများဟာ မီးစတင်မလောင်ကျွမ်းမီအချိန်မှာ အနောက်ဖက်ထောင့်နား၌ ထူးထူးခြားခြားလှုပ်ရှားသွားလာမှုများ ရှိခဲ့တာကို သတိပြုမိကြောင်း မျက်မြင်သက်သေအချို့က Rဗီးရှင်းသို့ ပြောပြခဲ့ပါတယ်။

သတင်းများအရ စတိုးဆိုင်အများစုဟာ တိုင်းရင်းသားရိုဟင်ဂျာများပိုင်တဲ့အတွက် ထိုဈေးကို ဗုဒ္ဓဘာသာကျေးရွာသို့ ရွှေ့ပြောင်းပြီး သီးခြားတည်ဆောက်ရန်အတွက် ၎င်းဗုဒ္ဓဘာသာဝင်အချို့က စ.ဖ.ရနဲ့ပူးပေါင်းလျက်ရှိနေပြီး ဤသည်မှာလည်း မီးရှို့တိုက်ခိုက်မှုရဲ့ အကြောင်းအရင်းဖြစ်နိုင်ကြောင်း၊ နောက်တစ်နေ့မှာတော့ မောင်တောမြောက်ပိုင်း ငါးစာကြိုးကျေးရွာအုပ်စုရှိ ရွာနှစ်ရွာမှ လူမနေအိမ်များအားလုံး မီးလောင်ကျွမိးခဲ့ကြောင်း သိရှိရပါတယ်။

သတင်းများအရ ၂၀၂၀ခုနစ်၊ မတ်လ၂၉ရက်နေ့တွင် ဘူးသီးတောင်မြောက်ပိုင်း မိချောင်းဈေးအနီးရှိ ရွာလေးရွာမှ လူမနေသောစွန့်ပစ်နေအိမ်များ ထပ်မံမီးရှို့ခံခဲ့ရတယ်လို့ သိရှိရပြီး ထိုနေရာနှစ်ခုစလုံးတွင် မီးလောင်မှုမတိုင်မီ လုံခြုံးရေးတပ်ဖွဲ့များကို တွေ့ရတယ်လို့ ဒေသခံများက ပြောပါတယ်။

စစ်တပ်မှ ထိုရွာများရှိအိမ်များကို မြေထိုးစက်ဖြင့် ထိုးချကာ မြေများကို သိမ်းယူပြီး စစ်တပ်ရဲ့အခြားသော စီမံကိန်းများအတွက် အသုံးချခြင်းအပေါ် ဝေဖနိကဲ့ရဲ့ခံရတဲ့အတွက် ၎င်းကဲ့သို့ မီးရှို့ခြင်းဟာ စစ်တပ်ရဲ့ နောက်ထပ်နည်းဗျူဟာအသစ်တစ်ခုဖြစ်တယ်လို့ ဒေသရှိလေ့လာသူတစ်ဦးက တင်ပြခဲ့ပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.