Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွင် ကြီးမားတဲ့မီးလောင်ကျွမ်းမှု ဖြစ်ပွား

၂၀၂၀ခုနစ် ဧပြီ၁ရက်နေ့ နေ့လည်၂နာရီတွင် ဘင်္ဂလားဒေ့ရှ် အူခိယာ၊ အုန်စိပြင်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခနိး၂၂တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆောက်အဦး၂၅ခုထဲတွင် စာသင်ဆောင်တစ်ဆောင်၊ ရုံးခန်းတစ်ခု၊ ဒေသခံချခ်မာအိမ်၄လုံးနဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းများအပါအဝင် မီးလောင်ကျွမ်းသွားခဲ့ပြီး ထိုစခန်းများကို မီးအလွယ်တကူလောင်ကျွမ်းစေနိုင်တဲ့ ပလတ်စတစ်၊သစ်သားနဲ့ မြက်များဖြင့် ပြုလုပ်တည်ဆောက်ထားတဲ့အတွက် ဒုက္ခသည်များနဲ့ ဒေသခံပြည်သူများရဲ့ ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မည်သူတစ်ဦးတစ်ယောက်မှ ကြီးကြီးမားမားထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့လည်း သိရပါတယ်။

မီးလောင်ရတဲ့ အဓိကအရင်းအမြစ်ကိုတော့ မသိရသေးပေမဲ့ အုန်စိပြင်ရိုဟင်ဂျာစခန်းရှိ အပြည်ပြည်ဆိုင်ရာ သုတေသနကော်မတီ(IRC)ရုံးမှ စတင်ခဲ့တာဖြစ်တယ်လို့ ယုံကြည်ရကြောင်း သိရပါတယ်။

စခန်းမှာ လူဦးရေအလွန်ထူတဲ့စခန်းဖြစ်ပြီး မီးကြောင့် ဆုံးရှုံးထိခိုက်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်များကို ယာယီတဲများတွင် ထားရှိတယ်လို့ သတင်းရရှိပါတယ်။

COVID-19အား တားဆီးကာကွယ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမိးလုံးအား ပိတ်ဆို့ခြင်းနဲ့ ရိုဟင်ဂျာဒုက္ခသည်များအပါအဝင် နိုင်ငံသားအားလုံးကို လူစုလူဝေးမပြုလုပ်ရေးစည်းမျဉ်းများ လိုက်နာရန်အကြံပေးတဲ့အချိန်မှာ အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.