Press "Enter" to skip to content

မောင်တောမြို့ရှိ တိုင်းရင်းသားရိုဟင်ဂျာကျောင်းအား ကျန်းမာရေးစောင့်ကြည့်ရေးစင်တာအဖြစ် ပြောင်းလဲခဲ့

တိုင်းရင်းသားရိုဟင်ဂျာရွာများအား အနှောင့်အယှက်ပေးရန် အစီအစဉ်အဖြစ် မြန်မာအာဏာပိုင်များက ထိုင်းနိုင်ငံမှပြန်လာသော ဗုဒ္ဓဘာသာဝင် မြန်မာအလုပ်သမားများကို ကျန်းမာရေးဆိုင်ရာစောင့်ကြည့်ခြင်းများ ပြုလုပ်ဖို့အတွက် ရိုဟင်ဂျာရွာအနီးရှိကျောင်းကို စောင့်ကြည့်စင်တာအဖြစ် ပြောင်းလဲခဲ့တယ်လို့ သိရပါတယ်။

မတ်လ၃၀ရက်နေ့ မွန်းလွဲ၂နာရီခန့်တွင် မောင်တောတောင်ပိုင်းရပ်ကွက်ရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ပြည်ပမှပြန်လာတဲ့ အလုပ်သမားများကို ကျန်းမာရေးဆိုင်ရာစောင့်ကြည့်ရန် မောင်တောမြို့တောင်ဖက်ရှိ တိုင်းရင်းသားရိုဟင်ဂျာများစွာနေထိုင်လျက်ရှိသော ဟရီဖာရာ(ခေါ်)အလီဖာရာရွာငယ်လေးရှိ အခြေခံပညာအထက်တန်းကျောင်း(၂)ရဲ့ အဆောက်အအုံနှစ်ခုအား ရွှေ့ပြောင်းခဲ့တယ်လို့ သိရပါတယ်။

ယခင်က အစိုးရဟာ ထိုင်းနိုင်ငံမှပြန်လာတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်အလုပ်သမားများစွာကို မြို့မဈေးရဲ့နောက်ဖက်ရှိ ဗဟိုကျောင်းလို့ခေါ်တဲ့ ဗုဒ္ဓဘာသာဝင်ဘုရားကျောင်းမှာ သီးသန့်ထားရန် စီစဉ်ခဲ့ပေမဲ့ ရွာရှိဗုဒ္ဓဘာသာဝင်များက ကန့်ကွက်ခဲ့တဲ့အတွက် ထိုစင်တာကို မွတ်စလင်ရပ်ကွက်သို့ ပြောင်းရွှေ့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အထက်တန်းကျောင်း(၂)တွင် တက်ရောက်နေသော ကျောင်းသားအများစုမှာ တိုင်းရင်းသားရိုဟင်ဂျာများ ဖြစ်ကြပါတယ်။ “ကျောင်းမှာရာနဲ့ချီတဲ့ ကလေးငယ်တွေ နေထိုင်နေတာဖြစ်ပြီး ထိုကျောင်းကို စောင့်ကြည့်စင်တာအဖြစ် ပြောင်းရွှေ့ခြင်းဟာ တာဝန်မဲ့သောလုပ်ရက်ဖြစ်ပြီး ရိုဟင်ဂျာရပ်ကွက်ကို ထိတ်လန့်တုန်လှုပ်စေပါတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာဝင်များ ကြောက့်ရွံတဲ့ထိုစင်တာကို မွတ်စလင်များဘက်သို့ ရွှေ့ပြောင်းခြင်းဟာ ခွဲခြားဆက်ဆံခြင်းပဲဖြစ်တယ”်လို့ ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ ပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အနောက်ဖက်အစွန်ဆုံး မောင်တောမြို့နယ်နဲ့ရခိုင်ပြည်နယ်ဟာ မြို့ပြကလွဲပြီး အခြားနေရာများဟာ ကျေးလက်ဒေသများ ဖြစ်ကြပါတယ်။၎င်းနေရာတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် အလွန်ညံ့ဖျင်းလျက်ရှိပြီး မွတ်စလင်များအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် လက်လှမ်းမှီမှုမှာ အကန့်အသတ်ဖြင့်ရှိနေပါတယ်။ အခြားပြည်သူပိုင်ဌာနများကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုဌာနများတွင်လည်း  မွတ်စလင်များဟာ ခွဲခြားဆက်ဆံခံနေရတာပဲဖြစ်ပါတယ်။ အင်တာနက်ပိတ်ထားခံရခြင်းကြောင့် ဒေသခံများဟာCOVID-19နဲ့ ၎င်းရဲ့ကြိုတင်ကာကွယ်မှုဆိုင်ရာ သတင်းအချက်အလက်များကို မရရှိနိုင်ကြပါ။

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး လွန်စွာမှရင်းနှီးလျက်ရှိသော်လည်း မြန်မာနိုင်ငံတွင် COVID-19ဖြစ်ပွားမှု ၁၄ခုသာရှိပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ မကြာသေးမီက အစီရင်ခံခဲ့ကြောင်း သတင်းရရှိပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.