Press "Enter" to skip to content

အင်တာနက်ပိတ်ထားခြင်းများကြောင့် ကိုရိုနားဗိုင်းရပ်စ်နဲ့ပက်သက်သော ကောလဟလများထွက်ပေါ်

ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် အင်တာနက်လိုင်းများ သုံးစွဲမှုပိတ်ပင်ခံထားရပြီး မှန်ကန်သောသတင်းအချက်အလက်များ မရရှိတဲ့အတွက် လူထောင်သောင်းများစွာကို သေစေနိုင်တဲ့ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားခြင်းနဲ့ပက်သက်ပြီး ကောလဟလအမျိုးမျိုး ထွက်ပေါ်လျက်ရှိနေတယ်လို့ သိရပါတယ်။

ကျန်းမာရေးကျွမ်းကျင်သူများ ညွှန်ကြားထားတဲ့ ကြိုတင်ကာကွယ်ရေးအစီအစဉ်များကို လိုက်နာဆောင်ရွက်ရမဲ့အစား ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များက ကောလဟလသတင်းများကို ယုံကြည်ကာ ထိတ်လန့်တုန်လှုပ်လျက်ရှိပြီး အယူသီးမှုများ ကျင့်သုံးနေကြပါတယ်။

မတ်လ၂၆ရက်နေ့ ညသန်းခေါင်အချိန်မှာ ဒုက္ခသည်စခန်းအားလုံးတွင် ရုတ်တရတ်အာဇန်သံအား အသံကျယ်ကျယ်ရွတ်ဆိုခဲ့တဲ့အတွက် တဲထဲမှလူများဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပက်သက်ကာ အံ့သြထိတ်လန့်ပြီး အပြေးလွှားထွက်လာကြပါတယ်။ အဲဒီနောက်မှာတော့ မွေးမွေးပြီးချင်း မွေးကင်းစကလေးအား ကိုရိုနာဗိုင်းရပ်စ်မှကာကွယ်ရန် ကလေးရဲ့ပါးစပ်ထဲကို ဆားရည်ထည့် ပလုတ်ကျင်းစေခဲ့တဲ့အတွက် ထိုကလေးသေဆုံးခဲ့တယ်လို့ ကောလဟလများ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမဲ့ ၎င်းတို့ရဲ့အတည်ပြုချက်အရ ထိုအရာမှာ အခြေအမြစ်မရှိသော ကောလဟလဖြစ်ပြီး ကလေးမွေးခြင်းနဲ့ သေဆုံးခြင်းမရှိသေးကြောင်း ရိုဟင်ဂျာဗီးရှင်းမှ အတည်ပြု သိရှိလာခဲ့ရပါတယ်။

ဒါ့အပြင် ဒုက္ခသည်များက ၎င်းတို့ရဲ့အိမ်တံခါးဝတွင် မီးရှို့ခြင်း၊ ကျင်းများတူးပြီး ထိုရောဂါကိုဖြစ်စေတယ်လို့ယူဆရတဲ့ ထူးဆန်းတဲ့ကျောက်တုံးများကို ရှာဖွေဖယ်ရှားခြင်းဟာ ကိုရိုနာဗိုင်းရပ်စ်ရန်မှ ကင်းဝေးစေတယ်ဆိုတဲ့ ကောလဟာလများကိုလည်း လိုက်နာကျင့်သုံးလျက်ရှိပြီး ထိုသို့ဖြစ်ရခြင်းမှာ ဘင်္ဂလားဒေ့ရှိအစိုးရရဲ့ အင်တာနက်ဖြတ်တောက်ခြင်းများကြောင့် ဖြစ်ပါတယ်။

သက်ဆိုင်ရာအစိုးရများဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရများက ရိုဟင်ဂျာများရဲ့ ဇာတိမြေနဲ့ဒုက္ခသည်စခန်းများမှာ အင်တာနက်အသုံးပြုခွင့်ပိတ်ပင်ထားတဲ့အတွက် ၎င်းတို့ဟာ ကပ်ရောဂါနဲ့ပက်သက်တဲ့ သတင်းအချက်အလက်အနည်းငယ်သာ ရရှိလျက်ရှိပြီး ဒုက္ခသည်စခန်းရဲ့ ဝင်ပေါက်နားမှာရှိတဲ့ ဒေသခံအမျိုးသမီးတစ်ဦးမှာ ရောဂါတွေ့ရှိခဲ့ခြင်းဟာ ဒုက္ခသည်များကို ပိုမိုထိတ်လန့်စေခဲ့တာပဲ ဖြစ်ပါတယ်။

မကြာသေးမီကလည်း မိသားစုဝင်၄ဦးပါဝင်တဲ့ ဒုက္ခသည်မိသားစုတစ်စုဟာ အိန္ဒိယမှ ပြန်လာခဲ့တဲ့အတွက် ထေခ်နာဖ်မှာ စောင့်ကြည့်ခံနေရဆဲဖြစ်ပြီး နိုင်ငံတကာအကူအညီပေးရေးလုပ်သားများနဲ့ ဒေသခံရပ်ရွာအကျိုးပြုအလုပ်သမားများ စခန်းများသို့ မကြာခဏ လာရောက်လည်ပတ်ကြတာဟာလည်း စိုးရိမ်စရာကိစ္စဖြစ်လာတယ်လို့ သိရပါတယ်။

ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းမှာ ကျန်းမာရေးစောက့်ရှောင့်မှုမလုံလောက်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းသော လူနေမှုပုံစံမရှိခြင်းနဲ့ အာဟာရချို့တဲ့မှု စတာတွေကို ခံစားနေကြရတာပဲ ဖြစ်တယ်လို့သိရပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.