Press "Enter" to skip to content

COVID-19နဲ့ပက်သက်ပြီး မြန်မာနိုင်ငံရဲ့ ဆက်ဆံပုံဟာ အသက်ပေါင်းများစွာကို အန္တရာယ်ဖြစ်စေ

မြန်မာရိုဟင်ဂျာ အဖွဲ့အစည်းယူကေမှ သတင်းထုတ်ပြန်ချက်

၂၀၂၀ခုနစ် မတ်လ၂၅ရက်

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပက်သက်ပြီး မြန်မာနိုင်ငံရဲ့ဆက်ဆံပုံဟာ အသက်ပေါင်းများစွာကိုအန္တရာယ်ဖြစ်စေလျက် ရှိနေပါတယ်။

  • အမှုတွဲနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံရဲ့ တောင်းဆိုမှုများဟာ “အန္တရာယ်ရှိပြီး တာဝန်ယူမှု အလွန်ကင်းမဲ့ပါသည်။”
  • ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းများရှိ ကန့်သတ်ချက်များကို ရုတ်သိမ်းသင့်သည်။”

မြန်မာအစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ခြိမ်းခြောက်မှုကို မျက်ကွယ်ပြုလျက်ရှိပြီး သောင်းနဲ့ချီသော တိုင်းရင်းသားရိုဟင်ဂျာတို့ရဲ့ အသက်ပေါင်းများစွာကိုအန္တရာယ်ဖြစ်စေတယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့စည်းယူကေမှ ထုတ်ပြန်ခဲ့ပါတယ်။

အရှေ့တောင် အာရှဟာ COVID-19 ရောဂါကူးစက်မှုအရှိဆုံး ကမ္ဘာ့ဒေသများအနက် တစ်ခုဖြစ်သော်လည်း မြန်မာကတော့ ၎င်းရဲ့နိုင်ငံအတွင်းတွင် ဖြစ်ပွားမှုနှစ်ခုသာ တွေ့ရှိရတယ်လို့ အခုအချိန်ထိဆိုထားပါတယ်။ မကြာသေးမီအချိန်ထိ အာဏာပိုင်များက နိုင်ငံတွင်း အမှုတစ်ခုမှ မတွေ့ရဘူးဟု ဆိုထားခြင်းဟာ မြန်မာအစိုးရက အမှန်တရားကို ပြောဆိုရန် ပြသာနာရှိကြောင်း ထပ်မံသက်သေပြနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းဟာ စိတ်ပျတ်ဖွယ်ကောင်းရုံသာမက အန္တရာယ်ကြီးမားပြီး တာဝန်ယူမှုကင်းမဲ့ခြင်းဖြစ်တယ်လို့” မြန်မာရိုဟင်ဂျာအဖွဲ့အစည်းယူကေမှ ဥက္ကဋ္ဌ ဦးထွန်းခင်ကပြောကြားခဲ့ပါတယ်။

မြန်မာအစိုးရအနေနနဲ့ မြန်မာပြည်သူလူထုကို ဗိုင်းရပ်စ်ပိုးကူးစက်မှုနဲ့ပက်သက်ပြီး ပွင့်လင်းမြင်သာတဲ့ သတင်းအချက်အလက်တွေ ချက်ချင်းပေးရမယ်။လိုအပ်တဲ့သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တဲ့ဆောင်ရွက်မှုတွေ အားလုံးကို လုပ်ရပါမယ်။ အထူးသဖြင့် တိုင်းပြည်အနှံ့မှာရှိတဲ့ လူနေထူပြီး ကျန်းမာရေးချို့တဲ့လျက်ရှိတဲ့ ဒုက္ခသည်စခန်းများရှိ လူထောင်သောင်းများစွာအတွက် ပိုပြီးအလေးထားဆောင်ရွက်သင့်ပါတယ်။

မြန်မာနိုင်ငံဟာ ဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိပြီး ထိုင်း၊ အိန္ဒိယအပါအဝင် အခြားသောနိုင်ငံများမှာ ဖြစ်ပွားမှုများကို အစီရင်ခံတင်ပြလျက်ရှိကြပေမဲ့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့အဆိုအရ လူပေါင်း၅၃သန်းသောလူဦးရေတွင် ဗိုင်းရပ်စ်ပျံ့နှံ့မှု စတင်ကတည်းက စမ်းသပ်မှု ၂၀၀ခန့်သာပြုလုပ်ခဲ့ပါတယ်။

မတ်လ၂၃ရက်တနင်္လာနေ့တွင် မြန်မာအာဏာပိုင်များက မြန်မာနိုင်ငံအတွင်း ပထမဆုံးဖြစ်ပွားမှုနှစ်ခုကို ဖော်ထုတ်ပြောကြားခဲ့ပေမဲ့ မီဒီယာများရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် အနည်းဆုံး လူလေးဦးအထိ သေဆုံးခဲ့ပြီး လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်း အာဏာပိုင်များက ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးရန်အတွက် နယ်စပ်တွင် နိုင်ငံခြားသားများဝင်ထွက်မှုကို ပိတ်ပင်ခဲ့ခြင်း၊ လူစုလူဝေးကန့်သတ်ခြင်း စတဲ့ အဆင့်အချို့ကို ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း ကချင်၊ ကရင်၊ ရှမ်းနဲ့ရခိုင်ပြည်နယ်များရှိ ဒုက္ခသည်စခန်းများတွင် လူပေါင်း ၂၄၁၀၀၀ နေထိုင်လျက်ရှိပြီး ဒုက္ခသည်များနဲ့ ပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ(IDP)များဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရနိုင်ခြေ ပိုမိုများပြားနိုင်သူများ ဖြစ်ပါတယ်။၎င်းတို့ထဲတွင် တိုင်းရင်းသားရိုဟင်ဂျာ ၁၂၈,၀၀၀နီးပါး ပါဝင်ပြီး ၂၀၁၂ခုနစ်တွင် မွတ်စလင်များအား အစိုးရမှ အကြမ်းဖက်ခဲ့ပြီး ပြည်နယ်အား သိမ်းပိုက်လိုက်တဲ့အချိန်မှစပြီး ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများတွင် ပိတ်မိလျက်ရှိတာပဲဖြစ်ပါတယ်။

မြန်မာအစိုးရသည် ရခိုင်နဲ့ချင်းပြည်နယ်အနှံအပြားတွင် မိုဘိုင်းဒေတာဝန်ဆောင်မှုကို တားမြစ်ထားဆဲဖြစ်ပြီး ဗိုင်းရပ်စ်နဲ့ပက်သက်တဲ့ သတင်းအချက်အလက်များ ရရှိမှုကို ကန့်သတ်လျက်ရှိရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအချက်များအရ မြန်မာအာဏာပိုင်များအနေဖြင့် နိုင်ငံအနှံ့အပြားရှိ ထိုပိတ်ပင်ကန့်သတ်ချက်များကို ချက်ချင်းပယ်ဖျတ်ပြီး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူများနဲ့ ကချင်၊ ကရင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်များမှ ထောင်သောင်းပေါင်းများစွာသော ဒုက္ခသည်များဆီကို ကျန်းမာရေးအထောက်အပံ့များ ရောက်ရှိအောင် ဆောင်ရွက်ရမယ်လို့”ဦးထွန်းခင်က ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှ တိုင်းရင်းသားရိုဟင်ဂျာတို့ရဲ့လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်များ ကန့်သတ်ခံနေရတာဟာ အကျယ်ချုပ် သဘောသက်ရောက်နေပြီး COVID-19ရဲ့ ခြိမ်းခြောက်မှုဟာလည်း ပိုမိုဆိုးရွာလာပြီး အစိုးရကလည်း ထိုအရေးကိုလျစ်လျူရှုလျက်ရှိနေပါတယ်။

၂၀၁၆နဲ့၂၀၁၇ခုနစ်တွင် ရခိုင်ပြည်နယ်တွင် လူမျိုးတုံးသတ်ဖြတ်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ထောင်နဲ့ချီသောကျေးရွာများ မီးရှို့ခံခဲ့ရကာ ထောင်နဲ့ချီသော ရိုဟင်ဂျာများဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြပြီး ထိုနိုင်ငံရှိ ဒုက္ခသည်စခန်းတွင် နေထိုင်နေကြရပါတယ်။ ထိုရိုဟင်ဂျာဒုက္ခသည်တသန်းနီးပါးဟာ အလားတူကန့်သတ်ချက်များကို ရင်ဆိုင်နေရတဲ့အတွက် BROUKမှ ထိုအခြေနေနဲ့ပက်သက်ပြီး စိုးရိမ်လျက်ရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှိအာဏာပိုင်များက မကြာသေးမီရက်များအတွင်း အဓိကနေထိုင်ရာ နေရာများတွင် ခြံစည်းရိုးများခတ်ပြီး အခြားခြားသော ကန့်သတ်ချက်များလုပ်ဆောင်လျက် ရှိတဲ့အတွက် ဒုက္ခသည်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရန် စိန်ခေါ်မှုများရှိနေပါတယ်။

၂၀၁၉ခုနစ် စက်တင်ဘာလမှစပြီး အစိုးရမှ ဒုက္ခသည်စခန်းများရှိ မိုဘိုင်းဒေတာဝန်ဆောင်မှုကို ကန့်သတ်ထားတဲ့အတွက် ဒုက္ခသည်များဟာ ကူးစက်ရောဂါနဲ့ပက်သက်တဲ့ သတင်းအချက်အလက်များရရှိရန် ပိုမိုခက်ခဲနေရုံသာမက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များရဲ့ ကြိုးပမ်းမှုများကိုပါ ရှုပ်ထွေးစေပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုမှ ထွက်ပြေးလာတဲ့ ရာထောင်ချီသော ရိုဟင်ဂျာများအတွက် နယ်စပ်ကို လိုလားစွာ ဖွင့်လှစ်ပေးခဲ့ပေမဲ့ ဒုက္ခသည်တွေ သတင်းအချက်အလက်နဲ့ ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေကို အရင်ကထက် ပိုမိုလိုအပ်နေတဲ့အချိန်မှာ အာဏာပိုင်များက ဒုက္ခသည်စခန်းတွေမှာ ပိုမိုတင်းကျပ်မှုတွေ လုပ်နေတယ်ဆိုတာကတော့ စိုးရိမ်စရာပါ”လို့ ဦးထွန်းခင်က ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအား ရိုဟင်ဂျာ ဒုက္ခသည်များအား ဗိုင်းရပ်စ်မှကာကွယ်ရန်အတွက် အင်တာနက်ဝန်ဆောင်မှုများ ပိတ်ပင်ထားမှုကို ရုတ်သိမ်းပေးခြင်းနဲ့ စခန်းများပတ်လည် ခြံစည်းရိုးများ တပ်ဆင်ခြင်းများ ရပ်ဆိုင်းပေးရန် တိုက်တွန်းလိုက်ပါတယ်”လို့ ဦးထွန်းခင်က ပြောကြားခဲ့ကြောင်း သိရပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.