Press "Enter" to skip to content

ဘူးသီးတောင်တွင် ရခိုင်တစ်ဦးက တိုင်းရင်းသားရိုဟင်ဂျာများ ပိုင်ဆိုင်တဲ့မြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆိုင်ခန်းဆောက်

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ညောင်ချောင်းနယ်မြေ၊ဖုရားပြင်အောင်ပ ကျေးရွာမှာ တိုင်းရင်းသားရိုဟင်ဂျာများ ပိုင်ဆိုင်တဲ့ မြေပေါ်တွင် ရခိုင်ဗုဒ္ဓဘာသာတစ်ဦးက အာဏာပိုင်များရဲ့ ခွင့်ပြုချက်မရရှိဘဲ စီးနင်းကျူးကျော်ကာ ဆိုင်ခန်းဆောက်ခဲ့တယ်လို့ ရိုဟင်ဂျာတူဒေးသတင်းစာမှ ဖော်ပြခဲ့ကြောင်း သိရပါတယ်။

ညောင်ချောင်းဈေးကို ရိုဟင်ဂျာများက ၎င်းတို့ပိုင်မြေများပေါ်မှာ တည်ဆောက်ထားခဲ့တာဖြစ်ပြီး ဆောက်လုပ်တဲ့နေ့မှစပြီး ဒေသခံများဟာ လူမျိုးရေးဘာသာရေးခွဲခြားမှုမရှိဘဲ ငြိမ်းချမ်းစွာ အရောင်းဝယ်များ ပြုလုပ်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။

မကြာသေးမီက ကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်ကြီးနဲ့ ဆွေမျိုးတော်စပ်သူဦးမောင်ညွှန့်ဆိုသူဟာ ရိုဟင်ဂျာဈေးဆိုင်ပိုင်ရှင် ပိုင်ဆိုင်တဲ့မြေကို အဓမ္မသိမ်းပိုက်ပြီးနောက် အရှည် ၁၂ပေ* အကျယ်၁၀ပေရှိတဲ့ အဆောက်အဦးတစ်ခုကို တည်ဆောက်ခဲ့တယ်လို့ ဒေသခံများမှ ရိုဟင်ဂျာတူဒေးသို့ ပြောပြခဲ့တယ်လို့ သိရပါတယ်။

မြေပိုင်ရှင်က သဘောမတူကန့်ကွက်တဲ့အခါ ထိုကျူးကျော်သူက မြို့နယ်အုပ်ချုပ်ရေးမှူးဆီမှ ခွင့်ပြုချက်ရယူရန်ပြောခဲ့တယ်လို့ သိရပါတယ်။

သတင်းများအရ ဦးမောင်ညွှန့်ဆိုသူဟာ ဈေးကွက်တွင် လောင်စာများရှားပါးမှုရှိနေတယ်လို့ မဟုတ်မမှန်ပြောဆိုခဲ့တဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ၎င်းအား ဈေးဘေးရှိအများပိုင်လမ်းမပေါ်တွင် ယာယီလောင်စာဆီရောင်းချခွင့်ပေးခဲ့တာဖြစ်ပါတယ်။ထိုသူဟာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့သူ့ရဲ့ဆက်ဆံရေးကိုအသုံးချကာ ခွင့်ပြုချက်ထက်ကျော်လွန်ပြီး ကျူးကျော်ဆိုင်ခန်း တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။

သတင်းများအရ ရွာသားများက မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ တာဝန်မဲ့မှုကြောင့် ညောင်ချောင်းဈေးတည်ငြိမ်မှုကို အနှောင့်အယှက်ဖြစ်စေမှာကို စိုးရိမ်လျက်ရှိပြီး ယခုဆိုင်ခန်းပြသာနာတွင်လည်း မူလဆိုင်ပိုင်ရှင်အတွက် တရားမျှတမှုရရှိရန် တောင်းဆိုနေတာကြာပြီဖြစ်တယ်လို့ သိရှိရပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.