Press "Enter" to skip to content

စစ်မြေမြှုပ်မိုင်းကြောင့် ဇီးရိုးပွိုင့်မှ ရိုဟင်ဂျာဒုက္ခသည်တစ်ဦး သေဆုံး

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နေ့လည်၁၂နာရီခွဲခန့်တွင် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ရှိ ဇီးရိုပွိုင့်ဒုက္ခသည်စခန်းမှ တိုင်းရင်းသားရိုဟင်ဂျာတစ်ဦးသည် ပိုင်သူမဲ့နယ်မြေအနီးရှိ တောင်ပေါ်၌ မြေမြှုပ်ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။

သေဆုံးသူမိုနာရ်အွလ်လာဟ်-၂၅နှစ်(အဘ-ဟလာမီယာ)သည် မနက်ခင်းပိုင်းတွင် ၎င်းရဲ့အသက်ရှင်နေထိုင်ရေးအတွက် ထင်းများရှာဖွေစုဆောင်းရန် ထိုနေရာသို့သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ညနေခင်းတွင် ပြန်လည်ရောက်ရှိမလာတဲ့အတွက် နောက်နေ့မနက်တွင် ၎င်းရဲ့မိသားစုနဲ့သူငယ်ချင်းများ လိုက်လံရှာဖွေခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့်ဟု ယူဆရသော ဒဏ်ရာဒဏ်ချက်များနဲ့အတူ ၎င်းရဲ့သေဆုံးနေသောခန္ဓာကိုယ်အား ချုံပုတ်များအနီးတွင် ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အွလ်လာဟ်ဟာ ၂၀၁၇ခုနစ်မှစ၍ မြန်မာစစ်တပ်၏ လူမျိုးရေးခွဲခြားသုတ်သင်ရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ဇီးရိုးပွိုင့် ဒုက္ခသည်စခန်းသို့ ရောက်ရှိလာခဲ့ရခြင်း ဖြစ်ပါတယ်။

မြန်မာစစ်တပ်သည် တိုင်းရင်းသားရိုဟင်ဂျာများ၏အသက်အန္တရာယ်ကို ထိခိုက်သေဆုံးစေနိုင်တဲ့ မြေမြှုပ်မိုင်းများကို နယ်စပ်အနီးရှိ ပိုင်သူမဲ့နယ်မြေအတွင်း ဆက်တိုက်မြှုပ်နှံလာခဲ့တာပဲ ဖြစ်ပါတယ်။

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.