Press "Enter" to skip to content

းသီးတောင်တွင် ရိုဟင်ဂျာ တစ်ဦးထံမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စ.ရ.ဖ တို့ပူးပေါင်းငွေညှစ်

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ နန်းရွာကုန်းကျေးရွာအုပ်စု ရာဇာဘီးရာကျေးရွာတွင် ဒေသခံ အပြစ်မဲ့ ရိုဟင်ဂျာတစ်ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စ.ရ.ဖ က ၂၀၁၉ခုနှစ် မတ်လ ၃ရက်နေ့တွင် ဖမ်းစီး ခေါ်ဆောင်သွားကာ ငွေညှစ်ခဲ့ကြောင်း သိရှိရပါတယ်။

မတရား ဖမ်းစီးခေါ်ဆောင်ခြင်း ခံရသူ အမည်မှာ ဦးချော်ဖီအုလ္လာ၏သား ဦးမူဟမ္မဒ်ဇူဘဲရ် ဖြစ်ပြီး မည်သည့် ပြစ်မှုကျူးလွန်ခြင်းမှ မရှိသော်လည်း မတရားဖမ်းစီး ခေါ်ဆောင်ကာ ငွေကျပ် နှစ်သိန်းသုံးသောင်း ညှစ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

ကျေးရွာနေ အပြစ်မဲ့ရိုဟင်ဂျာများမှာ တစ်နေ့တစ်ခြား အာဏာပိုင်များ၏ သားကောင်များအဖြစ်သို့ ရောက်ရှိနေပြီး နေ့စဉ်နှင့်အမျှ ဖမ်းစီးခံရခြင်းများ ရှိနေပါတယ်။ ထိုသို့ ဖမ်းစီးခေါ်ဆောင်ခြင်း ခံရသူများထံမှ မတရားသဖြင့် ငွေညှစ်ခြင်းများ ရိုက်နှက် ညှင်းပမ်းခြင်းများ ဆက်တိုက်ပြုလုပ်လျက် ရှိနေပါတယ်။

ဖိနှိပ်ခံရိုဟင်ဂျာများ အနေနှင့် မိမိတို့ နေထိုင်ရာ အရပ်ဒေသများတွင် ယခုကဲ့သို့ ညှင်းပမ်းမှုများ ခံနေရခြင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရန် တွန်းအားပေး ခံနေရခြင်းပဲဖြစ်ပါတယ်။ နီးစပ်ရာနိုင်ငံများသို့ ထွက်ပြေး ခိုလှုံနေကြသည့် ဒေသခံ ရိုဟင်ဂျာများ မိမိတို့ ဒေသသို့ ပြန်လည်လာရောက် နေထိုင်ရန် မြန်မာအစိုးရမှ ဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် ယခုလက်ရှိ ကျန်ရှိနေသူများကိုလည်း ထွက်ပြေးသွားစေရန် ဆက်လက် လုပ်ဆောင်နေခြင်းပဲ ဖြစ်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.