ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့သူကြီးရိုဟင်ဂျာရွာဟောင်းမှာ အခြေစိုက်စခန်းချနေထိုင်ကြတဲ့ တပ်မ၊ နခခ ၅ ဟာ ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲများက “နယ်မြေရှင်းလင်းရေး” ခေါင်းစဉ်ဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အုပ်စုဖွဲ့ မုဒိန်းကျင့်ခြင်း၊ ဥစ္စာပစ္စည်းများကို လုယက်ခြင်း၊ ရပ်ရွာများ မီးရှို့ဖျက်စီးခြင်းများအပြင် လူမဆန် ရက်စက် ကြမ်းကြုတ်စွာ မိမိတို့၏ အမိမြေမှ မောင်းထုတ်ခဲ့ပြီးနောက် အခြေချနေတဲ့
စစ်ကောင်စီတပ်သားတွေအတွက် ယခုတစ်ဖန် သခ်ျိုင်းဖြစ်နေပြီးလို့ ရိုဟင်ဂျာလူငယ်လှုပ်ရှားသူ- မူဟာမတ်ရော်ဖိတ်က အောက်ပါတိုင်း ပြောသွားပါတယ်။
ဒီလောကမှာ မည်သည့်အရာမဆို အဆုံးသတ်ရှိတယ်။
၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း မေယုဒေသရှိ ရိုဟင်ဂျာများကို မြန်မာ စစ်တပ်နှင့် နယ်ခြားစောင့်ရဲများက “နယ်မြေရှင်းလင်းရေး” ခေါင်းစဉ်ဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အုပ်စုဖွဲ့ မုဒိန်းကျင့်ခြင်း၊ ဥစ္စာပစ္စည်းများကို လုယက်ခြင်း၊ ရပ်ရွာများ မီးရှို့ဖျက်စီးခြင်းများအပြင် လူမဆန် ရက်စက် ကြမ်းကြုတ်စွာ မိမိတို့၏ အမိမြေမှ မောင်းထုတ်ခဲ့ကြတယ်။
ဒီလောကမှာ မတရားလုပ်သူများ ကြာရှည် မရပ်တည်နိုင်၊ မနေနိုင်ပါ။ သူတို့ အလှည့်လည်း ရောက်လာပြီး အရှက်တကွဲနိဂုံးချုပ်ရစမြဲပါ။ တချိန်က ကျွန်တော်တို့ကို ဒုက္ခသည်ဖြစ်အောင် လုပ်ခဲ့တဲ့ မြန်မာ လုံခြုံရေးတပ်များကိုယ်တိုင်ဘင်္ဂလားဒေရှ်ကို ဒုက္ခသည်အဖြစ် ထွက်ပြေး ခိုလှုံနေရတာကို မြင်ခဲ့ရသလို၊ ကျွန်တော်တို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သူများလည်း အခြား အင်အားနည်းတဲ့ အဖွဲ့များ လက်ထက်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့အပြင် အရှက်တကွဲ လက်နက်ချရတဲ့ အညံ့ခံမှုများကို မြင်တွေ့ခဲ့ရပါပြီ။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလဟာ သမိုင်းဝင်လ ဖြစ်သွားပါပြီ။ မေယုဒေသမှာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို ဦးဆောင် ကျူးလွန်ခဲ့တဲ့ မြန်မာ လုံခြုံရေးတပ် ကင်းစင် နယ်မြေ ဖြစ်လာသလို မင်းအောင်လှိုင်းကို ဖမ်းဝရမ်းထုတ်ဖို့ အဆိုပြုလာတာ တွေ့ရတယ်။
တစ်ဖက်မှာ AA တပ်ဖွဲ့ကလည်း ၂၀၂၄ ခုနှစ်အတွင်း ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာ စစ်တပ်လို လူမဆန်ဖိနှိပ်မှုများနှင့်အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ နေအိမ်များ မီးရှို့ဖျက်စီးမှု၊ ပစ္စည်းဥစ္စာ လုယက်မှုနှင့် အိမ်နေရပ်မှ မောင်းထုတ်မှုများကို ကျူးလွန်ခဲ့တယ်။ မုဒိန်းမှု တချို့လည်း ရှိခဲ့တယ်။ဒီလို လူမဆန် မတရားမှုများအတွက် သူတို့အလှည့်လည်း ရောက်လာမည်မှာ သေချာပါတယ်။
အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခံရသူများကို ဘယ်သူမှ အပြစ်မတင်နိုင်ပါ။ ဒါပေမဲ့ ကိုယ့်ဆန္ဒနဲ့ ကိုယ် ကိုယ့်လူမျိုးအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများကို ကာကွယ်ခဲ့သူများကိုမေးချင်တာက “ခင်ဗျားတို့ ရိုဟင်ဂျာ သွေးအစစ်လား” ဆိုတာပါပဲ။
ရိုဟင်ဂျာ လက်နက်ကိုင်တွေနဲ့ပတ်သက်ပြီး ဘာမှ မပြောလိုဘူး။ တစ်ခုပဲ ဗမာစစ်တပ်နဲ့ နားလည်မှု ယူထားတာခေါ်ခေါ် နိုင်ငံရေးအခြေအနေအရ မဟာမိတ်ဖွဲ့တာ ခေါ်ခေါ် ခင်္ဗျားတို့ရဲ့ စစ်ရေး၊နိုင်ငံရေးအမြင်နှင့် ဒီလို အရေးကြီးတဲ့ ဆုံးဖြတ်ချက် မှန်ခဲ့သလား၊ မှားခဲ့သလား။ ကိုယ့်ဟာကိုယ် ပြန်လည် သုံးသပ်ကြည့်ကြ။ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိပါစေ။
နောက်ဆုံးပြောချင်တာက ဒီဒေသကို တိုးတက်ချင်ရင် ဒီဒေသ ငြိမ်းချမ်းရမယ်။ ငြိမ်းချမ်းချင်ရင် တရားမျှတရမယ်။ အားလုံး တန်းတူ အခွင့်အရေးရရမယ်။ ဒီလို မဟုတ်ဘဲ လက်နက် အားကိုးနဲ့ သူတို့ကို မတရား လူမဆန် ခွဲခြားဆက်ဆံမယ်။ တိုင်းပြည်က မောင်းထုတ်မယ်။ ငါတို့ လူမျိုး တစ်မျိုးပဲ နေမယ် လုပ်နေလို့ကတော့ ဒီဒေသမှာ သွေးချောင်းစီးမှုတွေ ရပ်တန့်မှာ မဟုတ်သလို ဘယ်သူ့မှ အေးအေးချမ်းချမ်း မနေနိုင်ဘူး။ ဒီနေ့ အတွက် ပြောချင်တာ ဒီလောက်ပဲ လို့ ပြောပြီး နိဂုံးချုပ်လိုက်ပါတယ်။
Rohingya Vision News