Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမှာ မီးလောင်ကျွမ်းမှုဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ တက္ကနာ့ဖ်မြို့နယ်က ကုတုပါလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဒီကနေ့ ဒီဇင်ဘာလ (၁) ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ ဒုက္ခသည်စခန်းမှာ နေထိုင်ကြသူတွေရဲ့ပြောကြားချက်အရ သိရှိရပါတယ်။

ကုတုပါလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းက စခန်းအမှတ် (၇) ဘလော့ B-03 မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး NGO ရုံးတစ်ခုဖြစ်တဲ့ BRAC Skills Development Center နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနေထိုင်တဲ့ အိမ်ဆယ်လုံး မီးလောင်ပျက်စီးသွားကာ ရိုဟင်ဂျာတစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကို အနီးအနား ပတ်ဝန်းကျင်ကလူတွေအပါအဝင် ရိုဟင်ဂျာစေတနာ မီးသတ်ဝန်ထမ်းတွေနဲ့အတူ မိနစ် ၄၀ ကြာ ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရပြီး ၁၂ နာရီ ၄၀ မိနစ် ဝန်းကျင်မှာ မီးငြိမ်းသွားတယ်လို့ သိရှိရပါတယ်။

မီးလောင်ရတဲ့အကြောင်းအရင်းကို အတိအကျ မသိရသေးပဲ စုံစမ်းစစ်ဆေးနေတုန်းလို့ ဒုက္ခသည်စခန်းနေထိုင်ကြသူတွေက ပြောပါတယ်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.