ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျော်လှေကားကျေးရွာရှိ ပြင်ဖြူစခန်း(နယ်မြေ ၆)၊ ကိုင်းကြီးကျေးရွာ၊ ခရေမြိုင်ကျေးရွာနှင့် AA တပ်ဖွဲ့ဝင် ရှိမည့်ဟု ထင်သည့် နေရာတော်တော်များများကို စစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၇ ရက်နေ့၊ ညနေ ၄ နာရီကပင် ဂျက်တိုက်လာယာဉ် ၁ စီးဖြင့် ဗုံးတွေကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။
ယနေ့ အောက်တိုဘာ ၇ ရက်၊ ညနေ ၄ နာရီအချိန်တွင် စစ်ကောင်စီက မောင်တောမြို့နယ်၊ မြင်ဖြူစခန်း(နယ်မြေ ၆) ကို ဗုံး ၁ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ အေအေတပ်ဖွဲ့ဝင်တချို့ သေဆုံးဒဏ်ရာ ရရှိခဲ့ပြီး အပျက်အစီးများလည်း ရှိသည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောပါသည်။
ယနေ့ ညနေ ၄ နာရီ ၅ မိနစ်လောက်တွင် ကိုင်းကြီးကျေးရွာနှင့် AA တပ်ဖွဲ့ဝင် ရှိမည့်ဟု ထင်သည့် နေရာတော်တော်များများကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးတွေကြဲချတိုက်ခိုက်ခဲ့သည်။ အသေအပျောက် အပျက်အစီးများလည်း ရှိသည်။ ဗုံးကြဲချခံရသည့် နေရာများကို အရပ်သားများ သွားကြည့်မရ၍ အတိအကျ ပြောဖို့ ခက်ခဲနေပါသည်ဟု နီးစပ်ရာ ရွာခံတစ်ဦးက ပြောသည်။
ထို့အပြင် ယနေ့ ညနေ ၄ နာရီ ၁၄ မိနစ်လောက်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ခရေမြိုင်ရွာထဲရှိ စာသင်ကျောင်းဝင်းအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စာသင်ကျောင်းဘေးရှိ လမ်းတွင် ဆိုင်ကယ် ၁ စီးဖြင့် ၂ ယောက် စီးသွားနေသည့် မောင်ထွန်းဝင်းနှင့် အောင်အောင်စိုးတို့အား ဗုံးစထိမှန်ကာ အမျိုးသား ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရှိရပါသည်။
သေဆုံးသွားသူများမှာ ခရေမြိုင်ကျေးရွာမှ အဖ ဦးထွန်းလှအောင်၏ သား မောင်ထွန်းဝင်း (၁၈)နှစ်နှင့် အဖ ဦးမောင်ထွန်းစိန်၏သား အောင်အောင်စိုး (၁၉)နှစ်တို့ ဖြစ်ကြသည်။
ဒဏ်ရာရရှိသူများမှာလည်း ခရေမြိုင်ကျေးရွာမှ အဖ ဦးကိုဝင်းနိုင်၏သား စိုးဝင်းမောင် (၁၆)နှစ်၊ အဖ ဦးသိုင်း၏သမီး မကျော့နု (၂၄)နှစ်၊ အဖ ဦးကျော်ဇံ၏သမီး မအေးဌေး (၂၄) နှစ်တို့ ဖြစ်ကြသည်။
Rohingya Vision News