Press "Enter" to skip to content

နတ်မြစ်တွင် ရိုဟင်ဂျာ ၁၈ ယောက်ပါ စက်လှေမြုပ်ပြီး တစ်ဒါဇင်ခန့် သေဆုံးပျောက်ဆုံးနေ၊

ဘေးရန်ပေါင်းစုံနဲ့ ကြုံနေရတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ တစ်ဖက်ဘဂ်လားဒေ့ချ်နိုင်ငံသို့ ထွက်ပြေးခိုလှုံရန် ရိုဟင်ဂျာ ၁၈ ဦးပါ တပ်ဆောင်ယူလာတဲ့ စက်လှေဟာ မနေ့က စက်တင်ဘာလ ၂၃ ရက်နေ့၊ ည ၁၁ နာရီကျော်ကျော်တွင် နတ်မြစ်တွင် စက်လှေမြုပ်ခဲ့ပြီး ရိုဟင်ဂျာ ၁၁ ယောက် သေဆုံးခဲ့ပြီး ၇ ယောက်ကို ကယ်တင်နိုင်ခဲ့တယ် လို့ သိရှိရပါတယ်။

မနေ့ည ၁၀ နာရီခွဲလောက်တွင် မောင်တောမြို့နယ်၊ သရက်အုပ်ကျေး ရွာရှိ ကူးတို့မှ ထွက်ခွာလာတဲ့ စက်လှေဟာ နတ်မြစ်တစ်ပိုင်းတစ်ဝက် ညအချိန်ပိုင်း ၁၁ နာရီ ၂၀ မိနစ်လောက်တွင် စက်လှေမြုပ်ခဲ့ပြီး မြန်မာစာပြ ဆရာဦးမူဟာမတ်ဇော်လာလ်၏ အိမ်ရှင်မနှင့် သမီး နှစ်ယောက်၊ ရွှေကုန်သည် ဟာဂျီ ဦးယာစိန်ရဲ့ သား အေချ်ဖာခ်နှင့် ဇနီး အပါအဝင် တခြားမိသားစုတွေမှ ရိုဟင်ဂျာ ၁၁ ယောက် သေဆုံးပျောက်ဆုံးနေပြီး ၇ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက Rvision ကို ပြောတယ်။

ဒါ့အပြင် မနေ့ညက စက်လှေတစ်စီး ရေမြုပ်ခဲ့ပြီး နာရီဝက်ခန့်ကြာ ပြီးနောက် ရိုဟင်ဂျာ ၂၀ ကျော်ပါ စက်လှေ နောက်တစ်စီးလည်း ရေမြုပ်ပျောက်ဆုံးနေတယ်လို့ သတင်းရင်းမြစ်ထံမှ သိရှိရပါတယ်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *

Mission News Theme by Compete Themes.