Press "Enter" to skip to content

(AA)က ရိုဟင်ဂျာတွေကို ဒရုန်းဗုံးတွေနဲ့ အပြင်းအထန်ဒဏ်ရာရရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ လူနေရပ်ကွက်တွေအပေါ် ရခိုင်တပ်တော် (AA)က ဖျက်အားပြင်း ဗုံးတွေ ဒရုန်းတွေထဲ ချိတ်ဆွဲပြီး ပစ်ချနေတာကြောင့် နေ့စဉ် ရိုဟင်ဂျာသေဆုံးမှုတွေ ရှိနေသလို အပြင်းအထန် ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။

ရခိုင်တပ်တော် (AA)က မောင်တောမြို့ပေါ် မှာရှိတဲ့ လူနေထူထပ်တဲ့ ရိုဟင်ဂျာရပ်ကွက်တွေအပေါ် ဒရုန်းတွေထဲ ဖျက်အားပြင်း ဗုံးတွေချိတ်ဆွဲပြီး ပစ်ချနေတာကို နေ့စဉ်ရက်ဆက် လုပ်လာနေတာ လနဲ့ချီ ကြာမြင့်လို့ နေပြီလို့ သိရပါတယ်။

နေ့စဉ်လိုလို လူတွေသေဆုံးနေရတာနဲ့ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိနေမှုကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ကြေညာချက်တွေ ထုတ်ပြန်ကာ အသိပေးထားပါတယ်။

ဘူးသီးတောင်က ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် အသက်လုထွက်ပြေးရချိန် ရခိုင်တပ်တော် (AA)ကို မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တိုက်တွန်းခဲ့ပေမယ့် ULA/AA ဘက်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေကို ပြင်းပြင်းထန်ထန် တုန့်ပြန်ထားပါတယ်။

ဇူလိုင်လ နောက်ဆုံးအပတ်တွင်းမှာပဲ AA ရဲ့ ဒရုန်းကြောင့် ရိုဟင်ဂျာအရပ်သား အနည်းဆုံး (၁၅)ဦးထက်မနည်း သေဆုံးခဲ့ရပြီး အနည်းဆုံး (၃၀)ဦးထက်မနည်း ပြင်းထန်ဒဏ်ရာတွေ ရရှိထားကြတယ်လို့ သိရပါတယ်။ အဲ့ဒီအထဲမှာ အမျိုးသမီးနဲ့ လူငယ်လူရွယ်တွေလည်း ပါဝင်နေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့ ညအချိန်ခန့်တွင် AA ရဲ့ ဒရုန်းဗုံး ပေါက်ကွဲပြီး မောင်တော ကညင်တန်းက ညီအစ်မအရင်း(၂) ယောက် နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ သူတို့ဆီမှာ နို့စို့အရွယ် ရင်ခွင်ပိုက်ကလေးနဲ့ လူမမယ်ကလေးတွေ ရှိတယ်လို့လည်း သိရပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်ဘဲ တိုက်ပွဲနဲ့လည်း ဘယ်လိုမှ ဆက်စပ်မှု မရှိဘဲ အခုလို ရိုဟင်ဂျာတွေချည်းနေတဲ့ ရပ်ကွက်တွေကို ဒရုန်းနဲ့ ဗုံးခွဲပြီး လူ့အသက်သေဆုံးအောင် လုပ်နေတာက AA အနေနဲ့ တမင်ရည်ရွယ်နေတာပါလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေပါတယ်။ ဒီလုပ်ရပ်တွေက စစ်ရာဇဝတ်မှုမြောက်တဲ့ အခြေအနေလို့လည်း ပြောပါတယ်။

AA အနေနဲ့က မောင်တောမြို့ပေါ် မှာရှိနေတဲ့ အရပ်သား ရိုဟင်ဂျာတွေ ထွက်ပြေးသွားအောင် အခုလို အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်နေတယ်လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မောင်တောမြို့ပေါ်က ရိုဟင်ဂျာတွေနဲ့ မှို့ပေါကြြို စစ်ဘေးရှောင်လာတဲ့ မောင်တောမြို့နယ်အတွင်းက ရိုဟင်ဂျာတွေကို စစ်ကောင်စီက အဖက်ဖက်ကနေ ပိတ်ဆို့ထားတာကြောင့် မြို့ကို စွန့်ခွာထွက်ပြေးဖို့ မဖြစ်နိုင်ဘဲ မြို့ထဲမှာ ပိတ်မိနေတာဖြစ်တယ်လို့ သိရပါတယ်။

မြို့မကညင်တန်းရပ်ကွက် (ချီတိလ္လာရွာ)မှာ ပြီးခဲ့တဲ့ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်က AA ရဲ့ ဒရုန်းဗုံးနဲ့ ရျိုဟငျဂြာအရပျသားတှကေို တိုက်ခိုက်မှုက လတ်တလော ဖြစ်စဉ်တွေထဲ အဆိုးရွားဆုံးလို့ ဒေသခံတွေက ပြောပြပါတယ်။

“AA က ဒရုန်းနဲ့ (၆)လုံးပစ်ချတယ် ပွဲချင်းပြီး (၄)ဦးသေဆုံးတယ်။ (၁၄)ဦး ဒဏ်ရာ အရမ်းပြင်းတယ်။ သူတို့ အခြေအနေကလည်း မကောင်းဘူး” လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပြပါတယ်။

“စစ်တပ်ရှိတဲ့နေရာ နခခ-၅ ကို AA က တိုက်ခိုက်တာကို ကျွန်တော်တို့ ဘာမှမပြောလိုပါဘူး။ အခု လူတွေနေတဲ့ ရပ်ကွက်ကို နေ့တိုင်း ပန်းတောပြင် AA စခန်းကနေ လက်နက်ကြီးနဲ့ ပစ်တယ်။ နေ့တိုင်း ဒရုန်းတွေ ပျံတက်လာတယ်။ ဗုံးကို ချခဲ့တယ်။ နေ့တိုင်း လူသေနေတယ်။ လူမသေတဲ့ရက်မရှိဘူး။ ဒဏ်ရာရတဲ့သူတွေလည်း ဆေးကုဖို့ မရှိဘူး။ အခုမသေသေးပေမယ့် နောက်ရက် နောက်ကျရင် သေသွားကြတယ်” ကိုယ်တိုင်ကြုံတွေ့ ခံစားနေရသူက ပြောထားတာ ဖြစ်ပါတယ်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.