Press "Enter" to skip to content

ရခိုင်ပြည်နယ် မြို့သုံးမြို့မှာ ကျန်းမာရေး စောင့်ရှောက်မှု မပေးနိုင်တော့ကြောင်း MSF ကြေညာ

ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တော မြို့သုံးမြို့မှာ ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး ဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်ပြီလို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF Myanmar) က ဇွန်လ ၂၇ ရက် ထုတ်ပြန်ပါတယ်။

ပဋိပက္ခ၊ အကြမ်းဖက်မှုနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးအပေါ် ကန့်သတ်မှုတွေ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြင့်တက်လာတာကြောင့် အခုလို ရပ်ဆိုင်းလိုက်တာလို့ ဆိုပါတယ်။

အဲဒီမြို့တွေကို ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်တော့ပေမဲ့ ကျန်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြည်သူတွေနဲ့ လူနာတွေကိုတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆက်ပေးသွားမယ်လို့ MSF က ဖော်ပြပါတယ်။

ပဋိပက္ခဖြစ်ပွားမှုမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးကိုလည်း ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့အတွက် အာမခံချက်ပေးဖို့နဲ့ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေနဲ့ ဝန်ထမ်းတွေကို လေးစားမှုရှိဖို့ MSF က တောင်းဆိုလိုက်ပါတယ်။

MSF အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ အပါအဝင် လူမျိုးစုအားလုံးကို အရေးပါတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေပေးနိုင်ဖို့ ရွှေ့လျားဆေးခန်း ၁၄ ခုကို ဖွင့်လှစ်ထားပါတယ်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.