Press "Enter" to skip to content

မောင်တောမြို့ မောင်နီကျေးရွာ ဒရုန်းဗုံးချခံရလို့ ရိုဟင်ဂျာလူငယ် (၄)ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ မောင်နီကျေးရွာမှာ ဇွန်လ ၂၄ ရက်၊ ည (၈) နာရီ ၁၅ မိနစ်ခန့်အချိန် အာရက္ခတပ်တော် AA က ဒရုန်းနဲ့ ဗုံးချခဲ့တာကြောင့် ရိုဟင်ဂျာလူငယ် (၄)ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ ရိုဟင်ဂျာအသိုင်းအဝိုင်းဆီက သတင်းရရှိပါတယ်။

ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေလို့လည်း ပြောပါတယ်။ စစ်ကောင်စီက မောင်တော ဆေးရုံကြီးကို ပိတ်သိမ်းထားသလို အရေးပေါ် ဆေးကုသဖို့ ဆေးရုံ၊ ဆေးခန်းနဲ့ ဆရာဝန်လည်း မရှိဘူးလို့ ပြောပါတယ်။

မောင်တော ပတ်လည်ကို AA က ပိတ်ဆို့ထားပြီး မြို့တွင်းထဲကို ဒရုန်းဗုံးကြဲတဲ့ စစ်ဆင်ရေးတစ်ရပ် လုပ်နေတယ်လို့ ဒေသခံ ရိုဟင်ဂျာတွေက ပြောပါတယ်။

အလားတူ မောင်တော အမှတ်(၂)ရပ်ကွက်အတွင်းကိုလည်း ည ၉:၃၀ ဝန်းကျင် AA က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ သတင်းတွေ ရရှိပါတယ်။ မောင်တောမြို့တွင်းမှာ ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA က မနေ့ကတည်း ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၄ရက်ည မောင်တော မောင်နီကျေးရွာနဲ့ အမှတ်(၂) ရပ်ကွက် ဒရုန်းဗုံးချ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး AA ထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ယခု သတင်းဖော်ပြချိန်အထိ ပြန်လည် ဖြေကြားခြင်း မပြုသေးပါ။

Rohingya Vision News

More from မြန်မာMore posts in မြန်မာ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.