Press "Enter" to skip to content

မောင်တော၊ ဟာဘီကျေးရွာမှာ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံရိုဟင်ဂျာ ၇ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဟာဘီကျေးရွာမှာတိုက်ပွဲဖြစ်ပွါးတာမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရိုဟင်ဂျာ ၇ ဦး သေဆုံးပြီး ၂ ဦးအပြင်းအထန်ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဇွန် ၉ ရက်၊ ဒီကနေ့ မနက် ၁၀ နာရီခန့်မှာ ရွှေဇားကျေးရွာအုပ်စု ဂုံးနားရွာရှိ စစ်ကောင်စီရဲ့ နေဗီတပ်က တိုက်ပွဲဖြစ်ပွါးတာမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးမှာ နေအိမ်အတွင်း ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံရိုဟင်ဂျာ ၇ ဦးသေဆုံးခဲ့တယ်လို့ ကနဦးသိရှိရပြီး အသေးစိတ်အချက်အလက်တွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်တဲ့အပြင် အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူ ၂ ဦးမှာလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီက အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိနေတာကြောင့် ပြည်သူပိုင်နေအိမ် မီးလောင် ပျက်စီးမှုတွေနဲ့ အရပ်သားသေဆုံးထိခိုက်ဒဏ်ရာမှုတွေရှိနေသလို စစ်ဘေးဒုက္ခသည်တွေမှာ စားဝတ်နေရေးအကျပ်အတည်းတွေ ကြုံတွေ့နေကြတဲ့အပြင် ဆေးဝါးပြတ်လပ်မှုတွေပါ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.