Press "Enter" to skip to content

မောင်တော မြို့ဦးရပ်ကွက်ထဲ အေအေတပ်ဖွဲ့ဝင်တွေ ဝင်ရောက် နေရာယူ၊ စစ်ကောင်စီက ဒရုန်းဗုံးနဲ့ ပစ်ခတ်လို့ ရိုဟင်ဂျာတစ်ဦး သေဆုံး၊ တချို့ ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ မြို့ဦးရပ်ကွက်ထဲ အေအေတပ်ဖွဲ့ဝင် ယနေ့ နေလည် ၁၂ နာရီခွဲလောက်ကပင် ဝင်ရောက်နေရာယူထား တာကြောင့် မြို့သူကြီးအခြေစိုက် နခခ(၅)က ဒရုန်းဗုံးနဲ့ ပစ်ခတ်လို့ ရိုဟင်ဂျာတစ်ဦးသေဆုံး၊ တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ထိုးစစ်ဆင် စတင်ပြီး ငွေတောင်ကျေးရွာအထိ ထိန်းချုပ်ပြီ ၃ မိုင်-ကျီးကန်းပြန်ကွပ်ကွဲရေးရဲဌာနာချုပ် လမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်တွေက အေအေတပ်ဖွဲ့ဝင် ၂၀၀ နီးပါးကို လုံးဝ ထွက်ပေါက် မရှိအောင် ဝန်းရံပိတ်ဆို့ထားတဲ့ ကြားထဲ ဘကားဂုံးနာကျေးရွာအုပ်စု သိဟိုဠ်ခြံအတွင်း မနေ့က ညနေ ၅ နာရီ ၁၀ မိနစ်လောက်ကပင် တိုက်ပွဲ ပြင်းထန်နေတာကြောင့် အေအေတပ်ဖွဲ့ဝင် တစ်ရာကျော်သေဆုံးခဲ့ပြီး မခံနိုင်၍ မြို့ဦးရပ်ကွက် ဟော်ရီတူလာရွာ အရှေ့ရွာထဲ အေအတပ်ဖွဲ့ဝင် ၈၀ နီးပါး ဝင်ရောက်နေရာယူထားပြီး အေအေတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာတွေကို ထွက်မပြေးဖို့ ပြောဆိုသော်လည်း ဇူလာရွာ၊ ဟော်ရီတူလာရွာ၊ ဇင်တူလာရွာတွေက ရိုဟင်ဂျာပြည်သူ ၄၀၀၀ နီးပါး မြို့ပေါ်ရပ်ကွက်သို့ ထွက်ပြေးတိမ်ရှောင်နေစဥ် မြို့သူကြီးအခြေစိုက် နခခ(၅)က ဒရုန်းဗုံးနဲ့ ပစ်ခတ်လို့ ရိုဟင်ဂျာတစ်ဦးသေဆုံး၊ တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက MDN ကို ပြောပါတယ်။

အေအေတပ်ဖွဲ့ဝင်တွေက ဟော်ရီတူလာ အရှေ့ရွာထဲတွင် ဝင်ရောက်နေရာယူထားသော်လည်း ဟော်ရီတူလာ အနောက်ရွာ စာသင်ကျောင်းတွင် တပ်စွဲထားတဲ့ စစ်သားတွေ ရှိတယ်၊ ဇူလာရွာနဲ့ သိဟိုဠ်ခြံကားလမ်းတစ်လျှာက်နဲ့ ဒီဖက် အနောက်ဖက် ဇင်တူလာရွာတွင်လည်း တပ်စွဲထားတဲ့ စစ်သားတွေ အများအပြား ရှိပါတယ်၊ ခုတော့ အေအေတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်တွေက လုံးဝ ထွက်ပေါက် မရှိအောင် စက်ဝိုင်းပုံအတိုင်း ဝန်းရံပိတ်ဆို့ထားတယ်လို့ ကြားထဲတွင် ညှပ်နေတဲ့ ရိုဟင်ဂျာပြည်သူတွေ ထွန်ပြေးတိမ်ရှောင်နေကြတယ်လို့ ရွာခံများက ပြောဆိုကြတယ်။

မြို့သူကြီးအခြေစိုက် နခခ(၅)က ဒရုန်းဗုံးနဲ့ ပစ်ခတ်လို့ ရိုဟင်ဂျာတစ်ဦးသေဆုံးသူမှာ ဟော်ရီတူလာရွာက မာမတ် ကာဆိမ်း ဖြစ်ပြီး ဒဏ်ရာရသူမှာ ဟော်ရီတူလာရွာက မာမတ်ဆော်လိမ်နဲ့ အမည်မသိ ရိုဟင်တချို့လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.