ရက္ခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီက မြို့ပြင်ထိ အင်အားတိုးချဲ့ထားသည့်အပြင် ထိုးစစ်ဆင် စတင်ရန် ရာနှင့်ချီသည့် စနိုက်ဘာသမားများ လူနေရပ်ကွက်များတွင် တပ်ဖြန့်နေရာယူထား ကြောင်း သတင်းရရှိသည်။
အင်အား ၅၀ဝ၀ ကျော်ရှိသည့် စစ်ကောင်စီသည် နခခ (၅) တပ်မမှ မြို့ပြင်သို့ထွက်ကာ ခံစစ်မှ ထိုးစစ်ဆင် စတင်ရန် အသင့်ပြင်ထား ကြောင်း သတင်းရင်းမြစ်ထံမှ သိရှိရပါသည်။
“စစ်ကောင်စီတပ်သားတွေ ထောင်နဲ့ချီရှိပါတယ်။ သူတို့က နခခ (၅) ကနေပြီး မြို့ပြင်ထိထွက်လို့ နေရာယူလာကြတယ်။ မောင်တော တောင်ပိုင်းတွင်ရှိသော ပြန်တောပြင်၊ ညောင်ချောင်း၊ ပညောင်ပင်ကြီး ကျေးရွာတွေကို ဖြတ်၍ ဒုချီးရာတန်းကျေးရွာအထိ စစ်ကြောင်းဖြန့် ထားတယ်။ အရှေ့ဖက်တွင် ၄ မိုင်ရပ်ကွက်ရှိ နခခ(၂) ကို ဖြတ်ကျော်ပြီး တောင်ထဲတွင် စစ်ကြောင်းဖြန့် ထားတယ်။ မြောက်ဖက်တွင် လသာရပ်ကွက်၊ မြို့ဦးရပ်ကွက်နဲ့ သိဟိုဠ်ကျွန်းတွင် တပ်အင်အား ၁၂၀၀ ကျော် ဖြန့်ထားတယ်။ ရွှေဇားကျေးရွာအုပ်စုရှိ စီးပွားရေးဇုန်မှာလည်း တပ်အင်အား ၅၀၀ ကျော်ဖြန့်ထားတယ်။
စစ်ကြောင်းထိုးမယ့်သဘောပေါ့။ ခံစစ်ကိုလည်း အခိုင်အမာအင်အား ဖြည့်တင်းထားတယ်။ မေလ တတိယအပတ်တုန်းကပင် စားနပ်ရိက်ခ၊
လက်နက်ခဲယမ်း၊ တပ်အင်အား နေ့စဥ့်ရက်ဆက် ဖြည့်တင်းနေ ပါတယ်၊ ထိုးစစ်ဆင် စတင်မယ့် သဘောပေါ့နဲ့ အင်အားဖြည့်တင်းနေ တယ်လို့ ” ရခိုင်အရေးလေ့လာစောင့်ကြည့်သူတစ်ဦးကပြောပါသည်။
ထို့အပြင် မောင်တောမြို့နယ်တွင် စစ်ကောင်စီနဲ့အေအေတွေကြား ဘာတိုက်ပွဲမှ မဖြစ်တာ လက်နက်ကြီးငယ်သံ မကြားတာ နှစ်ပတ်ကျော်နေပြီ၊ စစ်ကောင်စီတပ်တွေသည် မြို့ပေါ် ရှိ အဆောက်အဦး တိုက်ခန်းများတွင် ကွန်မန်ဒိုဆင်း စနိုက်ဘာသမား များအား နေရာယူခိုင်းထားပြီး ဒရုန်းဗုံး၊ လက်နက်ကြီးများ စမ်းသပ်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ကျောက်ပန္ဒူစခန်းတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်နှင့် အင်ဒင်စခန်းတွင် စစ်ကောင်စီတပ်သား ၆၀၀ ခန့်ရှိနိုင်ကြောင်း စုံစမ်းသိရှိရသည်။
စစ်ကောင်စီဖက်ကလည်း ရက္ခိုင်-ဘင်္ဂလားအနောက်ဘက်နယ်စပ် ဒေသမြို့ဖြစ်သော မောင်တောကို လက်မလွှတ်ရစေရေးအတွက် မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲတွေကို ပြည်မသို့ ပို့ဆောင်ပြီး ပြည်မမှ မောင်တောသို့ ဇက်နေဗီ၊ စစ်ရဟတ်ယာဥ်များဖြင့် နေ့စဥ်ရက်ဆက် အင်အားဖြည့်တင်းလျက်ရှိနေသည်ကို တွေ့ရသည်။
စစ်ကောင်စီသည် ဘူးသီးတောင်မြို့ကို လက်လွှတ်ဆုံးရှုံးရပြီးနောက် မောင်တောမြို့နှင့် စစ်တွေမြို့တို့တွင်လည်း တပ်သားအင်အား ပို့ဆောင်ထားကြောင်းလည်း သိရသည်။
Rohingya Vision News