Press "Enter" to skip to content

မောင်တော၊ လေးမိုင်ရပ်ကွက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်တွေကို ဖောင်ထွင်းဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းတွေကို ယူဆောင်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လေးမိုင်ရပ်ကွက်၊ စျေးထဲရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာကာ ပြည်သူပိုင်နေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မောင်တောမြို့နယ်၊ လေးမိုင်ရပ်ကွက်၊ စျေးထဲရွာကို မေလ ၂၈ ရက် ဒီကနေ့ နေ့လယ် ၃ နာရီ ၃၀ မိနစ်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့် ဝင်ရောက်လာကာ ပြည်သူပိုင်နေအိမ်တွေနဲ့ အတွင်းရှိ ပစ္စည်းတွေ ရိုက်ခွဲဖျက်ဆီးမှုတွေပြုလုပ်ခဲ့ပြီး အဖိုးတန်ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖျက်ဆီးမှုတွေကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ် ၃၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

“လေးမိုင်ရပ်ကွက် စျေးထဲရွာမှာ ရက္ခိုင်အိမ်တွေကို စစ်တပ်က ဝင်ရောက်လာပြီး ဖောက်တယ် ပစ္စည်းတွေ အကုန်လုံးကို လိုက်ဖျက်ဆီးတယ် တချို့ပစ္စည်းတွေကို သူတို့ယူသွားတာရှိတယ် အခုချိန်ထိ ဖောက်နေတာအိမ်ခြေ ၃၀/၄၀ ခန့်ရှိပြီ အခုထိလဲဖောက်နေတုန်းပဲ” လို့ အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။

ထို့အပြင် မေလ ၂၇ ရက်နေ့က မောင်တောမြို့ထဲရှိ ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်သင်တန်းဆင်း ရိုဟင်ဂျာ လက်နက်ကိုင်တွေ အင်အား ၁၂၀ ခန့်ပါတဲ့ စစ်ကြောင်းဝင်ရောက်လာကာ အဓိက ရက္ခိုင်အပါအဝင် ဟိန္ဒူနဲ့ ရိုဟင်ဂျာတွေကို အကြောင်းမဲ့ မတရားဖမ်းဆီးသွားပြီး ဝိမလရွာ စာသင်ကျောင်းမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA)ဆီ လက်လွတ်လိုက်ရတဲ့ စစ်ကောင်စီက မောင်တောမြို့ကို အင်အားအလုံးအရင်းနဲ့လည်းပြန်လည်ဖြည့်တင်းနေတယ်လို့ မျက်မြင်ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

လက်ရှိမှာ ဒေသခံပြည်သူတွေက အလွန်စိုးရိမ်နေကြရပြီး သွားလာခွင့်အားလုံးပိတ်ပင်ခံထားရတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုအပါအဝင် အခက်အခဲဒုက္ခမျိုးစုံကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.