Press "Enter" to skip to content

မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာမှာ ရိုဟင်ဂျာတွေ ပိတ်မိနေပြီး စားဝတ်နေရေး ခက်ခဲနေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ အလယ်သံကျော်ကျေးရွာမှာ ရိုဟင်ဂျာတွေ ပိတ်မိနေပြီး စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

အဆိုပါမောင်တောတောင်ပိုင်းရှိ အလယ်သံကျော်မှာနေထိုင်တဲ့ ရိုဟင်ဂျာ စုစုပေါင်း ၁၂၀ ဦးခန့်ရှိတယ်လို့ သိရပြီး လမ်းပန်းဆက်သွယ်ရေးပိတ်ပင်ခံထားရတာကြောင့် စားဝတ်နေထိုင်ရေးအပြင် အခက်အခဲမျိုးစုံနဲ့ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

“သူတို့မှာ လမ်းပန်းဆက်သွယ်ရေးပိတ်ခံရတာက ၆လကျော်ရှိပြီ၊ တစ်ခါတစ်လေ စက်လှေနဲ့ မောင်တောကနေ ရိက္ခာဝယ်ယူတာရှိပါတယ်၊ ဒါပေမယ့် ဈေးအရမ်းမြင့်တယ်၊ သူတို့ အခု စားဝတ်နေရေးနဲ့အခက်အခဲမျိုးစုံကြုံနေရပါတယ်၊ လိုင်းမရှိလို့ သူတို့ရဲ့ အခက်ခဲ တွေကို ဘယ်သူကိုမှ မပြောပြရဘူး၊ သူတို့မှာ အခု အရေးပေါ် အကူအညီလိုအပ်နေပါတယ်”လို့ အလယ်သံကျော်ဒေသခံတစ်ယောက်ကပြောပါတယ်။

ထို့အပြင် အာရက္ခတပ်တော် (AA)ကလည်း မောင်တောမြို့ပေါ်ကနေ ရိုဟင်ဂျာ အားလုံးကို မကြာခင်ထွက်သွားဖို့အတွက် အမိန့်ပေးထားပါတယ်လို့ သူက ဆက်ပြောပါတယ်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.