Press "Enter" to skip to content

ဘူးသီးတောင်အကျဥ်းတောင်မှ အကျဥ်းသားအားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးလိုက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် တည်ရှိတဲ့ ဘူးသီးတောင်အကျဥ်းတောင်မှ အကျဥ်းသားအားလုံးကို မနေ့က မေလ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကောင်စီက ချမ်းသာခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တွေကြား တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်နေ၍ အကျဥ်းတောင်အသီးသီးမှ အကျဥ်းသားများအား လုံခြံတဲ့နေရာသို့ ပြောင်းရွှ့လိုက်တယ်။

ပြီးခဲ့တဲ့ ဧပြီလက ဘူးသီးတောင်အကျဥ်းတောင်မှ အကျဥ်းသားအားလုံးအား စစ်တွေအကျဥ်းတောင်သို့ ပြောင်းရွှေ့ရန် ဘူးသီးတောင်-မောင်တော ကားလမ်းဖြင့် သယ်ဆောင်ယူလာစဥ် ၆ မိုင်နဲ့ ၅ မိုင်ကြား လမ်းတစ်လျှောက်တွင် ရခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျဥ်းသား ၃ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရ ရရှိခဲ့တယ်။ သေဆုံးသူတွေမှာ ရိုဟင်ဂျာ ၂ ဦး၊ ရခိုင် ၁ ဦး ဖြစ်ပြီး ဒဏ်ရာရ ရသူတွေမှာ ရိုဟင်ဂျာ ၅ ဦး၊ ရခိုင် ၃ ဦး ဖြစ်ကြောင်း သိရှိရပါတယ်။

ရခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်သော်လည်း စစ်ကောင်စီက အကျဥ်းသား ၄၀၀ ထက်မနည်း စစ်တွေအကျဥ်းတောင်သို့ ပြောင်းရွှေ့နိုင်ခဲ့တယ်။ အရင်တုန်းက ဘူးသီးတောင်အကျဥ်းတောင်တွင် အကျဥ်းသား ၈၀၀ ကျော် ရှိခဲ့တယ်လို့ ဘူးသီးတောင်အကျဥ်းတောင်မှ အရာရှိတစ်ဦးထံမှ သိရှိရပါတယ်။

ခုတော့ ဘူးသီးတောင်မြို့အနီးတွင် စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တွေကြား တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်နေ၍ အပြန်အလှန်ပစ်ခဲ့တဲ့ လက်နက်ကြီးငယ်ဟာ အကျဥ်းတောင်ရဲ့ ခြံအတွင်း ကျရောက်ဖောက်ကွဲမှုကြောင့် အကျဥ်းသားတွေ အသက်အနတရာယ် ကြုံနေရတဲ့အတွက်ကြောင့် ဘူးသီးတောင်အကျဥ်းဦးစီးက အထက်အရာရှိများသို့ တင်ပြတာကြောင့် ယခုလို အကျဥ်းသားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပါတယ်လို့ပြောပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ရသူများမှာ အမျိုးသား ၃၁၂ ယောက်၊ အမျိုးသမီး ၇၂ ယောက် ၊ စုစုပေါင်း ၃၈၄ ယောက် ဖြစ်တယ်လို့ လွတ်ငြိမ်းချမ်းသာခွင့်ရသူတစ်ဦးကပြောပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ရသူများအနက် အများစုဟာ မောင်တောမြို့နယ် က ဖြစ်ကြောင်း သိရှိရပါတယ်။ သူတို့ကို နေရပ်ပြန်ဖို့ စစ်ကောင်စီက ဘာအစီအစဥ်ကိုတော့ မလုပ်သေးဘူး။ ဘူးသီးတောင် မောင်တော ကြား တိုက်ပွဲ ပြင်းထန်နေလို့ အိမ်ပြန်လို့ မရပါဘူး။ လောလောဆယ် ရိုဟင်ဂျာအကျဥ်းသားတွေကို ရိုဟင်ဂျာရွာတွေကို ပို့လိုက်တယ်၊ ရခိုင်တွေကို ရခိုင်ရွာကို ပို့လိုက်တယ်လို့ လွတ်မြောက်လာတဲ့ မောင်တောမြို့ခံတစ်ဦးကပြောပါတယ်။

Rohingya Vision News

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.