ဖေဖေါ်ဝါရီလ ၂၁ ၊ ၂၀၂၂
ယမန်နေ့က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့မှ အမည်မသိ သေနတ်သမားတစ်ဦးရဲ့ ကျည်ဆန်များ ထိမှန်မှုကြောင့် နောက်ထပ် ဒုက္ခသည် ယောက်ျားလေး ၂ ဦး ဆေးရုံတင်ရကြောင်း သိရပါတယ်။
ဒီဝမ်းနည်းဖွယ်ဖြစ်ရပ်ဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် Cox’s Bazar၊ Kutopalong ဒုက္ခသည် စခန်းနှင့်ကပ်လျက်ရှိတဲ့ Lambashia စခန်းမှာ အမည်မသိသေ နတ်သမားရဲ့လက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်။
အမည်မသိ သေနတ်သမားဟာ တနင်္ဂနွေနေ့ ညနေ ၄ နာရီ ၁၂ နာရီခန့်တွင် Block-F၊ Lambashia Camp-1E သို့ ရုတ်တရက် ရောက်လာပြီး NGO ရုံးဟောင်းတစ်ခုရှေ့တွင် အခြားသူများနှင့် ဆော့ကစားနေတဲ့ ကောင်လေးနှစ်ဦးကို သေနတ်ပစ်ခဲ့တာဖြစ်ကြောင်း အဆိုပါ စခန်းတွင် နေထိုင်တဲ့ အမည်မသိ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

မျက်မြင်သက်သေတစ်ဦးက “သေနတ်သမားက လူတစ်ယောက်ကို ပစ်မှတ်ထားပြီး ပစ်ခတ်ခဲ့ပေမယ့် မထင်မှတ်ပဲ ကျည်ဆန်တွေက အပြစ်မဲ့ ကလေးငယ်တွေကို ထိမှန်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
အခင်းဖြစ်နေရာကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က စခန်းအာဏာပိုင်တွေ ရောက်ရှိလာပြီး ဒဏ်ရာရသူတွေကို လူနာတင် ယာဉ်နဲ့ ချက်ချင်းဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
ဒါပေမယ့် သေနတ်သမားကို အရေးယူဖို့ ရဲတပ်ဖွဲ့က အခုထိ မဖော်ထုတ်နိုင်သေးပါဘူး။
သေနတ်ပစ်ခံရသူများမှာ ဆေးရုံတွင် အသက်ရှင်လျက် ရှိသော်လည်း အခြေအနေမှာ စိုးရိမ်ရကြောင်း ၎င်းတို့ရဲ့ ဆွေမျိုးများက ပြောပါတယ်။
“ရိုဟင်ဂျာ ကယ်တင်ရေးသမားတွေ” လို့ သူတို့ကိုယ်သူတို့ တောင်းဆိုတဲ့ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းမှာ ကိုယ့်လူတွေကို ကံမကောင်း အကြောင်းမလှစွာ သတ်ဖြတ် သူတွေ ဖြစ်လာပါတယ်။
ဒါကြောင့် စခန်းအတွင်း သတ်ဖြတ်ခြင်းမျိုး ထပ်မံမဖြစ်ပွားစေရန် သက်ဆိုင်ရာ အာဏာပိုင်များအား စခန်းတွင်း လူသတ်သမားများအား အမြန်ဆုံး ထိရောက်စွာ အရေးယူပေးရန်ဒုက္ခသည်များက တောင်းဆိုပါတယ်။။
Reported By: Staff Correspondent
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်