ဇန္နဝါရီလ ၂၈ ၊၂၀၂၂
၂၀၁၇ ခုနှစ်တွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင် ဂျာအရပ်အသားတွေကို အစု လိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် မောင်တော မြောက် ပိုင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရတဲ့ လူတွေရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးပြီး အိမ်ခြံတွင်းရှိ သစ်ပင်တွေကို အခု ခုတ်ရောင်းနေကြောင်း သိရပါတယ်။
မြန်မာစစ်တပ် ့ရဲနယ်မြေရှင်းလင်းရေးလုပ်ဆောင်မှုကြောင့် မောင်တောမြို့ မြောက်ပိုင်း ကျားခေါင်းတောင် (ရာဘို(က်)လ္လား) ကျေးရွာမှ တဘက် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ရွာသား အများစုမှာထွက်ပြေးခဲ့ရပြီး နေအိမ်တွေ လည်းမီးရှုံ့ခံခဲ့ရပါတယ်။
အဆိုပါကျေးရွာတွင် လက်ရှိအိမ်ထောင်စု ၂၉ စုသာ နေထိုင်လျက်ရှိကြောင်းသိရပါတယ်။
အခုကတော့ ကျားခေါင်တောင်အခြေစိုက်နယ့်ခြားစောင့်ရဲကင်းစခန်းမှာ ငါးခူရ၊နယ်မြေ (၅) နယ်ခြားစောင့်ရဲစခန်း မှပြောင်းရွေ့လာသူ ဒု-ရဲမှူး ထွန်းထွန်းလွင်ဟာ အဆိုပါရွာမှ ထွက်ပြေးသူတွေနဲ့ လက်ရှိနေတိုင်နေတဲ့သူတွေရဲ့ အိမ်ခြံဝင်းအတွင်းမှ သစ်ပင်တွေကို ခုတ်လဲပြီး ရောင်းလျက်ရှိနေကြောင်း ရွာသားတစ်ဦးက ပြောပါတယ်။
ဒု-ရဲမှူးက အလုပ်သမားတွေနဲ့ သစ်ပင်တွေကို သူ့စိတ်ကြိုက်ခုတ်လဲပြီး အိုးစိန်ဂျား ကျေးရွာ၊ရပ်ကွက်(၄) ဇာတိဖြစ်တဲ့ မာမူရော်ရှိတ် (၄၀နှစ်)ထံရောင်းလျက်ရှိနေကြောင်း အဆိုပါ ရွာသားက ဆိုပါတယ်။
အခြားရွာသားတစ်ဦးက “ကျနော်တို့ရဲ့ဥစ္စာပစ္စည်းတွေကို သူ့ အမွေလိုလို သုံးနေတယ်၊၊ ဒါ ဘယ်သူ့ကိုတိုင်ကြား ရမလဲမသိ၊၊ သူမှာလက်နက်ရှိလို့ဘယ်သူမှ မပြောရဲကြဘူး” လို့ ဝမ်းနည်းစွာပြောဆိုပါတယ်။
တစ်နေ့ကျတော့ ရဲရင့်တဲ့ရွာသားတချို့က အဲဒီ ဒု-ရဲမှူးကို သွားရောက်ပြောဆိုခဲ့ရာ ၎င်းက “အဲဒီခြံဝင်းပြေစာရှိလား၊ဒါမင်းတို့ပိုင်ဆိုင်တဲ့အထောက်အထားရှိလား” လို့မေး မြန်းခဲ့လို့ ၎င်းရွာသားတွေကအထောက်အထားတွေ ထုတ်ပြခဲ့ပေမဲ့ ၎င်းက ဆက်လက် ခုတ်လဲလျက်ရှိနေကြောင်း သိရပါတယ်။
တခါတလေကျတော့ ဒု-ရဲမှူးက ညပိုင်းမှာ လက်ရှိနေထိုင်နေတဲ့ ရိုဟင်ဂျာတွေရဲ့ အိမ်ခြံဝင်းအတွင်း သစ်သားတွေ ခုတ်လဲထားပြီး နောက်တစ်နေ့လာရောက်ကာ ရွာသား တွေကို သစ်သားတချို့ ခိုးယူထားတယ်လို့ စွပ်စွဲပြီး ငွေညှစ် လေ့ရှိကြောင်း မျက်မြင်သက် သေတစ်ဦးက ပြောပါတယ်။
ဒီပြစ်မှုတွင် ကျားခေါင်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးလည်း ပါဝင်ပြီး ဒု-ရဲမှူးနဲ့အတူ ဝေစုခွဲဝေစားနေကြောင်း သိရပါတယ်။
Reported By: Maung Wunna
အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်